အမျိုးသမီး ၂ ဦးအလောင်း

A d v e r t i s e m e n t With Us

June 17, 2020

လားရှိုးမြို့နယ်၌ ချုံပုတ်ထဲ စွန့်ပစ်ခံထားရသည့် အမျိုးသမီး ၂ ဦး၏အလောင်းတွေ့ရှိ 

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ တာပုံကျေးရွာအုပ်စုမှာ ဇွန်လ ၁၆ ရက်နေ့က သတ်ဖြတ်ပြီး ချုံထဲလာပစ်ထားတဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းကို ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။  တာပုံကျေးရွာအုပ်စု၊ မတ်ချိနူကျေးရွာသွားလမ်းဘေးက ချုံပုတ်ထဲမှာ အပုပ်နံ့တွေ ထွက်ရှိနေကြောင်း ရွာသားတွေက လားရှိုးရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အလောင်းတွေ ကူညီသယ်ဆောင်ဖို့ ရဲကနေ ဆက်သွယ်လာတာကြောင့် သွားရောက်ကူညီခဲ့တယ်လို့ လားရှိုးအခြေစိုက် ပေးသောလက်စေတနာရှင် သွေးနှင့်လူမှုကူညီရေးအသင်း  ဥက္ကဋ္ဌ  ဦးမြင့်မော်က ဒီဗွီဘီကို ပြောပါတယ်။ “အမှတ် ၂ ရဲစခန်းကနေ အကူအညီတောင်းလို့ ကျနော်တို့ သွားခဲ့ရပါတယ်။ မနက် ၁၀ နာရီ မိနစ် ၂၀ လောက်၊ အဲဒီနေရာက လားရှိုးအရှေ့မြောက်ဘက် တော်တော်ဝေးတယ်။ ရွာအဝင်လမ်း ကနေ အထဲကိုနောက်ထပ် ၂ မိုင်လောက် ခက်ခက်ခဲခဲ ထပ်သွားရသေးတယ်။ အလောင်း အနေအထားကတော့ သေဆုံးတာက အသက် ၄၀ နဲ့ ၅၀ အကြား အမျိုးသမီး နှစ်ယောက်၊ တစ်ယောက်က ခြေထောက်ရော လက်‌ရော ကြိုးတုပ်ထားတယ်။ နောက်တစ်ယောက်က လက်ကိုပဲ နောက်ပြန်တုပ်ထားတယ်။ အလောင်းကို တစ်ယောက်က မွေ့ရာနဲ့ ဖုံးထားတယ်။ နောက်တစ်ယောက်ကို အိပ်စောင်နဲ့ ဖုံးထားတယ်။ ပြီးတော့ မွေ့ရာနဲ့စောင်တွေကိုလည်း ကြိုးနဲ့ပြန်ချည်ထားတာ။ သူတို့  ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွပြီး အကောင်တွေတောင်ကျနေပြီခင်ဗျ။ ကျနော်တို့ အဖွဲ့ချည်းပဲ မသယ်နိုင်လို့ နောက်ထပ် ပရဟိတအသင်း ၅ သင်း ပေါင်းဖွဲ့ထားတဲ့ ကိုဗစ်အော်ပရေးရှင်းအဖွဲ့၊ လူငယ်အဖွဲ့တွေပါခေါ်ပြီး လားရှိုးဆေးရုံကြီး ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်။” အသတ်ခံရသူ ၂ ဦးမှာ ဒေါ်နန်းဟွမ်နဲ့ နန်းလောဝ်ဆိုသူ ရှမ်းအမျိုးသမီး ၂ ဦးဖြစ်ကြောင်း သူတို့ဟာ လားရှိုးမြို့ ၁၂ ရပ်ကွက် ကုန်းဆာရွာရှိ နေအိမ်တစ်အိမ်မှာ လာရောက်တည်းခိုစဉ် ပျောက်ဆုံးသွားတာဖြစ်လို့ ရဲစခန်းက အိမ်ရှင်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ လားရှိုး ဒေသခံ စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။  “ဒေါ်နန်းဟွမ်က ကျေးသီးမြို့နယ် ဝမ်ဟိုင်းရွာကဖြစ်ပြီး နန်းလောဝ်က လားရှိုးမြို့နယ် ခိုလောင်းခယ်ရွာကလို့ပြောတယ်။ သူတို့က ကုန်းဆာရွာမှာ လာတည်းသွားတာတဲ့။ နန်းလောဝ်က အဲဒီအိမ်မှာ သူ့ကလေးကို ထားခဲ့ပြီး နှစ်ယောက်စလုံး အပြင်ထွက်သွားတာ၊ အဲဒီကတည်းက ပြန်မလာတော့ဘူး။ နောက်မှ အလောင်းအနေနဲ့ ပြန်တွေ့တာ။ သူတို့အလောင်းတွေ့တဲ့နေရာရဲ့ လမ်းတဘက်မှာ ကားနံပါတ်ပြားတစ်ခု ပစ်ထားတာလည်း တွေ့တယ်။ သူတို့ လာတည်းသွားတဲ့ အိမ်က အိမ်ရှင်လင်မယားကိုလည်း မနေ့ညက ရဲက ခေါ်စစ်ဆေးနေတယ်။ ခုထိ ပြန်မလွတ်လာသေးဘူး” အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လားရှိုးရဲတပ်ဖွဲ့ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
9 months Ago
Up