အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

A d v e r t i s e m e n t With Us

February 27, 2021

ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ အမျိုးသမီး ၁ ဦး ထပ်မံဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ အမျိုးသမီး ၁ ဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ သမီးဖြစ်သူနဲ့အတူ စျေးဝယ်သွားပြီးပြန်လာချိန်မှာ ဆိုင်ကယ်ရှေ့က ကားပိတ်ရပ်ပြီး အမျိုးသား ၃ ဦးက အတင်းဆွဲခေါ်ကာ ကားပေါ်ကိုတွန်းတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဖမ်းဆီးခံရသူရဲ့ သမီးဖြစ်သူက ပြောပါတယ်။ 

“ကားကို ဆိုင်ရှေ့က ပိတ်မောင်းပြီး ရပ်ခိုင်းလို့ ရပ်ပေးလိုက်မိတယ်၊ နောက်က အမျိုးသား ၂ ယောက်ရောက်လာပြီး အမေ့ကို ချိုင်းအောက်က မပြီးအတင်းဆွဲခေါ်သွားတာ၊ ဘာလုပ်တာလဲ မေးတော့ ပါးစပ်ပိတ်ထားလို့ ပြန်ပြောသွားတယ်။” 

ပုသိမ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ၇ ဦးထိ ရှိလာပြီဖြစ်ပြီး မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မင်းထက်မုန်း(ပုသိမ်)

2 days Ago

March 28, 2020

တပ်မတော်စစ်ကြောင်းကို ဖုန်းဖြင့် ဗွီဒီယိုရိုက်သည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းတွေရဲ့ သွားလာမှုကို လက်ကိုင်ဖုန်းနဲ့  ဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးနေတဲ့ အမျိုးသမီးတဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးနေပါတယ်။  မတ်လ ၂၅ ရက်မနက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက ဟဲထင်ကျေးရွာအတွင်း ဝင်ရောက်စဉ် နေအိမ်တလုံးပေါ်မှ မသင်္ကာဖွယ် အမျိုးသမီးတဦးက လက်ကိုင်ဖုန်းနဲ့ ဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးနေတာ တွေ့ရှိတဲ့အတွက် စစ်ဆေးမေးမြန်းခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗွီဒီယိုမှတ်တမ်းတင် ရိုက်ကူးသူဟာ ဒေါ်မိုးဟိန်း(ဘ) ဦးအိုက်ပီ ဖြစ်ပြီး သူ့ရဲ့ ဖုန်းအတွင်းမှ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေ တွေ့ရှိရလို့ ဆက်လက် စစ်ဆေးဖို့ ထိန်းသိမ်း ခေါ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီနောက် ပန်းတင်ကျေးရွာမှာ ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ TNLA အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နောက်ထပ်အဖွဲ့ဝင်တဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာထဲကနေ အေကေ-၄၇ သေနတ် ၅ လက်၊ အမ်-၂၂ သေနတ် ၂၈ လက်၊ ကေအို-၉ သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၃၈ လက်၊ အမ်-၂၂ ကျည်အိမ် ၅ ခု၊ အမ်-၂၂ ကျည် ၈ဝ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်း ၈ စုံ၊ ကျည်ကာဦးထုပ် ၁ လုံး၊ ဒီတိုနေတာ ၅ ချောင်း၊ ဝိုင်ယာကြိုး နီ/နက် ၃ဝ ကိုက်ခန့်နှင့် ယမ်းမှုန့် ၁ ပိဿာခန့်တို့အား သိမ်းဆည်းရမိတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိထားတဲ့ အမျိုးသမီးတဦးနဲ့ TNLA ၄ ဦးတို့ကို ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  ဓာတ်ပုံ- CINCDS
11 months Ago
Up