အမျိုးသမီး ၁ ဦး ခုန်ချ

July 5, 2020

ညောင်ဝိုင်းတံတားပေါ်မှ ပါဒဝချောင်းအတွင်း အမျိုးသမီး ၁ ဦး ခုန်ချ (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ အမျိုးသမီး ၁ ဦး  ညောင်ဝိုင်းတံတားကနေ ပါဒဝချောင်းအတွင်း ခုန်ချသွားတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီ ၅၁ မိနစ်လောက်က ခုန်ချသွားတာဖြစ်ပြီး ကျောက်တန်းမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ Photo : Myanmar Fire Services Department
1 year Ago

June 7, 2020

ပုဇွန်တောင်ချောင်းအတွင်း အမျိုးသမီး ၁ ဦး ခုန်ချ 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ သံသုမာလမ်းမကြီး၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝင်း နောက်ကျောဘက်က ပုဇွန်တောင်ချောင်းထဲကို အမျိုးသမီး ၁ ဦး ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က လူ ၁ ဦး ခုန်ချမှုဖြစ်ပွားကြောင်း မနက် ၃ နာရီ ၅၀ မှာ သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပုဇွန်တောင်ချောင်းကမ်းစပ်တလျှောက် စက်တပ်သမ္ဗန် ၂ စီးနဲ့ ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ နေ့လယ် ၁၂ နာရီလောက်မှာ အမျိုးသမီး ၁ ဦး အလောင်းကို ပုဇွန်တောင်မြို့နယ်၊ ဟိုင်လုံဆိပ်ကမ်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
1 year Ago
Up