အမျိုးသမီးအလောင်း

May 5, 2021

မန္တလေး မင်္ဂလာဈေးဟောင်းနေရာတွင် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ လမ်း ၃၀ ရှိ အရင် မီးလောင်ပြီး ဖျက်ထားတဲ့ မင်္ဂလာဈေးဟောင်းနေရာမှာ မေလ ၅ ရက်နေ့က အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီးရဲ့ နာမည် နေရပ်လိပ်စာကို မသိရသေးဘဲ အရိုးစုသာ ကျန်ရှိနေတာကို တွေ့ရပြီး ရဲတပ်ဖွဲ့က သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း သေဆုံးသူတွေကို လမ်းပေါ်လာချတာတွေ ရှိနေပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဖမ်းဆီးစစ်ဆေးလို့ သေသွားခဲ့ရင်လည်း ရုပ်အလောင်းပစ်ချခဲ့တာတွေရှိနေပါတယ်။

7 months Ago
Up