“တိုက်ရဲလား .တိုက်ရဲတယ်။ သေရဲလား .သေရဲတယ်။” ကြွေးကြော်သံနဲ့ အောက်တိုဘာ ၉ ရက်နေ့က မန္တလေးမြို့မှာ အမျိုးသမီးထု သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၊ အကြမ်းဖက်သတ်ဖြတ်မှု၊ လူမဆန်စွာရက်စက်ယုတ်မာမှု လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း မန္တလေးမြို့အမျိုးသမီးလူထုသပိတ်စစ်ကြောင်းမှ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Photo - MPA
စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ အမျိုးသမီးလူငယ်တွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်း ဒီနေ့ သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့တစ်နေရာတွင်ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေက အဖိနှိပ်ခံအမျိုးသမီးများအရေး ငါတို့အားလုံးအရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ သံပြိုင်ဟစ်အော်ဟစ် ဆန္ဒပြခဲ့ကြတာပါ။
Photo - MPA