အမျိုးသမီးယာဉ်မောင်း

A d v e r t i s e m e n t With Us

January 5, 2021

ရုရှား အလုပ်သမားဥပဒေပြင်ဆင်မှုများ ပြုလုပ်၊ အမျိုးသမီးယာဉ်မောင်းများ ခွင့်ပြု

ရုရှားအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားဥပဒေမှာ ပြင်ဆင်မှုတွေလုပ်ကာ အမျိုးသမီး ယာဉ်မောင်းတွေကို ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁ ရက်ကစလို့ မော်စကိုမြေအောက်ရထားမောင်း အလုပ်ကို အမျိုးသမီး ၁၂ ယောက် စတင်လုပ်ကိုင်လာပါတယ်။ ဥပဒေပိုင်းပြင်ဆင်မှု လုပ်ခဲ့တာကြောင့် ကျန်းမာရေးအကြောင်းပြချက်နဲ့ အမျိုးသမီးတွေ လုပ်ခွင့်မရှိဘူးလို့ သတ်မှတ်ထားတဲ့ အလုပ်အကိုင်စာရင်းဟာ ၄၅၆ ခုကနေ ၉၈ ခုအထိ လျော့နည်းသွားခဲ့တာပါ။ ၁၉၃၆ ခုနှစ် နောက်ပိုင်းမှာ အမျိုးသမီးတွေကို မော်စကို မြေအောက်ရထားမောင်းတွေအဖြစ် ခန့်အပ်ခဲ့ပေမယ့် ၁၉၈၀ မှာ အစိုးရက မြေအောက်ရထားမောင်းအလုပ်အတွက် အမျိုးသမီး ဝန်ထမ်းသစ် ခန့်အပ်တာကို တားမြစ်ခဲ့ပါတယ်။ မြေအောက်ရထားမောင်းအလုပ်ကို အမျိုးသမီးတွေ အစားထိုးမရတဲ့ အန္တရာယ်များ၊ ခက်ခဲတဲ့အလုပ်အဖြစ်  စာရင်းထဲ ထည့်ထားတာပါ။ အဲဒီတားမြစ်ချက်ကြောင့် ၂၀၀၉ ခုနှစ်မှာ ဥပဒေပိုင်း အငြင်းပွားမှု တစ်ခုထက်မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ မော်စကိုမြေအောက် ရထားမောင်း လူ ၂၀၀၀ မှာ တစ်ယောက်သာ အမျိုးသမီးဖြစ်တယ်လို့ ရုရှားမီဒီယာတွေက အစီရင်ခံပါတယ်။ မကြာသေးခင်က ဥပဒေပိုင်း ပြင်ဆင်လိုက်တာကြောင့် ၂၀၂၁ ဇန်နဝါရီ ၁ ရက်ကစပြီး အရင်က လုပ်ခွင့်မပြုတဲ့ တခြားအလုပ်တွေ အပါအဝင် လယ်ထွန်စက်မောင်း၊ ခရီးရှည် ကုန်ကားမောင်း၊ ကုန်းပတ်အရာရှိ၊ သင်္ဘောသမီးအလုပ်တွေမှာ ရုရှားအမျိုးသမီးတွေကို ခန့်ထားလို့ရပြီလို့ ရိုက်တာက ဖော်ပြထားပါတယ်။
2 months Ago
Up