အမျိုးသမီးပါတီ (မွန်)

July 28, 2020

အမျိုးသမီးပါတီ (မွန်)က ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်အထဲက  မြန်မာနိုင်ငံရဲ့ တခုတည်းသောအမျိုးသမီးပါတီဖြစ်တဲ့   အမျိုးသမီးပါတီ (မွန်)ကလည်း ကိုယ်စားလှယ်လောင်းတွေ ၇ ဦးလောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ အမျိုးသမီးပါတီဖြစ်တဲ့အလျှောက် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကိုသာ ရွေးချယ်ထားပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကလို  မွန်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘဲ ဧရာဝတီတိုင်းကို နေရာရွေ့ပြောင်းထားတယ်လို့  ပါတီဥက္ကဋ္ဌ မိလယိုင်မွန် (ခေါ်) မိသန်းရှင်က ဒီဗွီဘီကို ပြောပါတယ်။ အမျိုးသမီးပါတီ(မွန်) ရဲ့ ဗဟိုဌာနချုပ်ကတော့ မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိပြီး ပါတီရုံးခွဲတွေကတော့ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ဖွင့်လှစ်ထားပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်၊ ငပုတောနဲ့ ကျောင်းကုန်းမြို့နယ်တွေမှာ သာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့နေရာကတော့ မွန်ပါတီတွေနဲ့ ထိတ်တိုက်ဖြစ်မှာစိုးလို့ နေရာပြောင်းလိုက်တယ်လို့  မိသန်းရှင်က ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာမွန်ပါတီတွေ ရှိနေကြတယ်လေ။ သူတို့ကတော့ ကျမတို့ ဝင်ပြို်ငမယ်ဆိုရင်သူတို့ မကြိုက်ကြဘူးလေ။ အဲလိုမျိုးအခြေအတင်ဆွေးနွေးထားကြတော့ သူတို့က ကျမတို့ကို မကြိုက်တော့ ကျမတို့ ဧရာဝတီတိုင်းဘက်မှာ  သူတို့မရှိလို့ အဲဒီဘက်ကို ပြောင်းသွားတယ်။” လတ်တလော ရွေးကောက်ပွဲဝင်ပြိုင်ဖို့  ကိုယ်စားလှယ်လောင်း ၇ ဦးရွေးချယ်ထားပြီး စိစစ်မှုတွေကို ပြန်လုပ်သွားဦမယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသမီးပါတီ (မွန်) အနေနဲ့ မွန်ပြည်နယ်မှာ ၃ နေရာနဲ့ တနင်္သာရီတိုင်းမှာ ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
1 year Ago
Up