အမျိုးသမီးနှင့်ကလေးဆေးရုံ

April 24, 2021

မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံ ဝန်ထမ်းများကို ရုံးပြန်တက်ရန် ဖိအားပေး

မော်လမြိုင် အမျိုးသမီးနဲ့ ကလေး ဆေးရုံအုပ် ဒေါက်တာနိုင်ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ထားတဲ့  ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေအား နည်းမျိုးစုံသုံး ဖိအားပေးခြောက်နေတmလို့ ဖိအားပေးခံရသူ ဆေးရုံဝန်ထမ်းတဦးရဲ့ မောင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

ဆေးရုံအုပ်က ဝန်ထမ်းတွေဆီ ပေးပို့တဲ့စာထဲမှာတော့ “မော်လမြိုင် အမျိုးသမီးနဲ့ ကလေး ဆေးရုံမှာ တာဝန်ထမ်းဆောင်နေသည့် လူကြီးမင်း ၁၉-၁-၂၀၂၁ မှစ၍ လုပ်ငန်းခွင်မှ  ခွင့်မဲ့ပျက်ကွက်နေပါသဖြင့် လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ပါရန် (ပထမအကြိမ်) အကြောင်းကြားအပ်ပါသည်” လို့ ရေးသားထားပါတယ်။

2 weeks Ago
Up