အမျိုးသမီးဂျာနယ်လစ်

December 11, 2020

အာဖဂန်အမျိုးသမီးဂျာနယ်လစ် ၁ ဦး ပစ်သတ်ခံရ

အာဖဂန်အမျိုးသမီးဂျာနယ်လစ် မာလာလာမူဝမ်နဲ့ သူရဲ့ ကားဒရိုင်ဘာတို့ဟာ   ဒီဇင်ဘာ ၁၀ ရက်နေ့က  နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ပစ်သတ်ခံခဲ့ရပါတယ်။ အလုပ်ကိုသွားတဲ့လမ်းမှာ သေနတ်သမားတွေက  မာလာလာမူဝမ်ရဲ့ ကားကို တိုက်ခိုက်ခဲ့ပြီး ကားဒရိုင်ဘာ မိုဟာမက်တဟီရာလည်း သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာ မရှိသေးပါဘူး။  အာဖဂန်မှာ ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ နေတိုးနဲ့ အီးယူအဖွဲ့အစည်း တွေက ပြစ်တင်ရှုတ်ချခဲ့ပြီးနောက်မှာ အခုလို တိုက်ခိုက်ခဲ့တာပါ။  အီယန်နီကာ ရုပ်သံနဲ့ရေဒီယို သတင်းထောက်ဖြစ်တဲ့ မာလာလာမူဝမ်ဟာ အရပ်ဘက် လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ပါတယ်။  အာဖဂန်မှာ  အမျိုးသမီးသတင်းထောက်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို သူဟာ အရင်က ပြောဆိုဖူးတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 
4 months Ago
Up