ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC အဖွဲ့က စီစဉ်ကျင်းပမယ့် ၁၂ ကြိမ်မြောက် လက်ဝှေ့ပွဲစဉ်ကို သြဂုတ် ၂၈ ရက်နေ့ ပြန်လည်ကျင်းပသွားမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့်ရမှာမဟုတ်ဘဲ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ကျင်းပသွားမယ်လို့ သိရပါတယ်။
စုစုပေါင်း တွဲဆိုင်း ၇ ပွဲပါဝင်ပြီး မြန်မာနဲ့ထိုင်းနိုင်ငံတို့မှာ ၂ နေရာခွဲပြီး ကျင်းပသွားမှာဖြစ်ပါတယ်။
အဓိကတွဲဆိုင်းအဖြစ် ဘင်တန်ဝိတ်တန်း ရွှေခါးပတ်လုပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ် မန်ဖရက်ဒီ နဲ့ စပိန်နိုင်ငံသူ မိုင်ရှာကတ်ဇ်တို့ ထိုးသတ်သွားမှာဖြစ်ပါတယ်။
ဒုတိယခေါင်ပွဲအနေနဲ့ မြန်မာကိုယ်စားပြု စိုးမင်းအောင်က ဥဇဘက်ကစ္စတန်က အာသာတီ နဲ့ ထိုးသတ်မှာဖြစ်ပါတယ်။
နိုင်ငံခြားသားတွေပါဝင်တဲ့ တွဲဆိုင်းတွေကို ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး အတည်မဖြစ်သေးတဲ့ ပြည်တွင်းတွဲဆိုင်းတွေကိုတော့ ပြည်တွင်းမှာပဲ ကျင်းပမှာဖြစ်ပါတယ်။
3 years Ago