အမျိုးသမီး

January 2, 2022

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရန် ပုပ်ဖရန်စစ်က နှစ်သစ်မိန့်ခွန်းတွင် တောင်းဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၁ ရက်က နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ အမျိုးသမီးတယောက်ကို  ထိခိုက်နာကျင်စေတာဟာ ဘုရားသခင်ကို စော်ကားခြင်းပါလို့ ထည့်ပြောခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပုပ်ဖရန်စစ်က ရိုမန်ကက်သလစ်ကျောင်းတော်  စိန့်ပီတာအဆောက်အအုံမှာ မြင့်မြတ်သော မယ်တော်မာရီ အထိမ်းအမှတ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ တို့ကို ပူးတွဲကျင်းပပေးခဲ့ပါတယ်။

ဖရန်စစ်က မိခင်ဖြစ်မှု ဘဝတွေ ဂုဏ်ပုဒ်တွေနဲ့ နှစ်သစ်မင်္ဂလာဟာ ဆက်စပ်ချည်နှောင်မှု ရှိတဲ့အကြောင်း အကျယ်တဝင့် ရှင်းပြပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ဆက်မလုပ်ကြဖို့ လေးလေးနက်နက် တောင်းဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်လောက်များခဲ့ပြီလဲ၊ လုံလောက်ပါပြီ။ အမျိုးသမီးတဦးကို နာကျင်စေခြင်းဟာ ဘုရားသခင်ကို စော်ကားခြင်းပါ၊ ဘာကြောင့်လဲဆိုတော့ ခရစ်တော်က ကျွန်ုပ်တို့လူသားတွေဆီ မိခင်ကတဆင့် လာခဲ့တာကြောင့်ပါ” လို့ ပြောခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကြီး စတင်ချိန်ကတည်းက ပုပ်ဖရန်စစ်ဟာ နိုင်ငံတိုင်းရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အခြား အကြမ်းဖက်မှုပေါင်းစုံကို ဆန့်ကျင်တဲ့အကြောင်း မကြာခဏ သတိပေးပြောခဲ့ပါတယ်။ ယခုနှစ် ငြိမ်းချမ်းရေးသဝဏ်လွှာအဖြစ် ပြဿနာတိုင်းကို အကြမ်းဖက် မဖြေရှင်းကြဖို့ နိုင်ငံခေါင်းဆောင်အသီးသီးထံ တိုက်တွန်းတဲ့ မိတ္တူစာကို ပုပ်ရဟန်းမင်းကြီးက ပေးပို့ခဲ့ပါတယ်။ 

4 weeks Ago

December 6, 2021

ပုသိမ်အဝင် ခရီးသွားကားများတွင် အမျိုးသမီးတဦးကို စစ်ကောင်စီတပ် အပူတပြင်းလိုက်ရှာနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကိုးဆူစစ်ဆေးရေးဂိတ်မှာ ရန်ကုန်ကနေ ပုသိမ်ကိုလာတဲ့ ခရီးသွားကားတွေကို တားဆီးပြီး အမျိုးသမီးတဦးအား စစ်ကောင်စီတပ်သားတွေက အပူတပြင်း လိုက်ရှာနေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ ကိုးဆူစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ခရီးသွားကားတွေပေါ် စစ်ကောင်စီတပ်သားတွေက အမျိုးသမီးတဦး ဓာတ်ပုံကိုင်ဆောင်ကာ လိုက်ပါလာသူတွေနဲ့ တိုက်ပြီး စစ်ဆေးနေတာလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

“စစ်ဆေးရေးဂိတ်တွေတော့ တော်တော်များတယ်၊ ဒါပေမဲ့ အဲဒီကိုးဆူဂိတ်ရောက်မှာ ကားပေါ် အဲဒီကောင်တွေ တက်လာပြီးတော့ ဓာတ်ပုံနဲ့ တိုက်စစ်တာ၊ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတဲ့ပါတဲ့ အမျိုးသမီးနဲ့တူတဲ့သူ ရှိလားဆိုပြီး ရှာခိုင်းတာ။”

ရန်ကုန်ကနေ ပုသိမ်ကို ဝင်လာမယ့် ခရီးသွားကားတွေကို တားဆီးပြီး အမျိုးသမီးတဦး ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြုလုပ်ခဲ့တာလို့ ဒေသခံအချို့ က ပြောပါတယ်။

ပုသိမ်မြို့မှာ ယာဉ်ထိန်းရဲကင်းစခန်းကို ဝင်ရောက်ပစ်ခတ်မှုတွေနောက်ပိုင်းမှာ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာခဲ့သလို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူ ၃၀ ကျော်လောက်ရှိလာပြီလို့ သိရပါတယ်။

2 months Ago
More News
Up