အမျိုးသမား ၁ ဦး

A d v e r t i s e m e n t With Us

April 18, 2020

ဝမ်းတွင်းမြို့နယ်တွင် လမ်းလျှောက်လာသည့် အမျိုးသား ၁ ဦး လဲကျသေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာအဝင် နတ်စင်အနီးမှာ ဧပြီ ၁၇ ရက် ညနေက အသက် ၄၀ နှစ်အရွယ် အမည်မသိအမျိုးသားတဦး လမ်းလျှောက်လာရင်း လဲကျသေဆုံးသွားတယ် လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက “ကနဦး ထင်မြင်ချက်ပေးထားတာကတော့ အာဟာရချို့တဲ့တာလို့ သုံးသပ်ကြတယ်။ အမည်နေရပ် မသိရသေးပါဘူး။ သန္တိသုခလူမှူကူညီရေးအသင်းကပဲ ဝမ်းတွင်းဆေးရုံ ပို့ပေးတယ်" လို့ ပြောပါတယ်။ ဒေသခံ ကိုမောင်ဇော်က “အညိုရောင်ကွက်စိပ်ပုဆိုးနဲ့ လမ်းလျှောက်လာရင်း လဲကျသွားတာ မြင်ရတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နေရတဲ့ အချိန်ကာလဆိုတော့ ဘာမှန်းမသိ လဲကျသွားတော့ ကြောက်တာပေါ့၊ သက်ဆိုင်ရာတွေ ရောက်လာကြတယ်” လို့ ပြောပါတယ်။ အမည်နေရပ်မသိ အမျိုးသား သေဆုံးတာဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ မောင်မောင်လင်း
11 months Ago
Up