အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မှာ ဇန်နဝါရီ ၁၈ ရက် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတဦးဟာ လည်ပင်းကို မျက်ရည်ယို ဓာတ်ငွေ့ဘူး တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းက ပြောပါတယ်။
ဆီးနတ်တံတားကို ကျော်လွန်ဝင်လာတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတွေက မျက်ရည်ယိုဓာတ်ငွေ့ဘူးတွေ သုံးပြီး လူစုခွဲခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကာရံထားတဲ့ အရံအတားတွေကို ချိုးဖျက်ဝင်ရောက်တဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းရဲတွေက လူအုပ်ထိန်းရာမှာ သုံးတဲ့ အသံဗုံးတွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခဲ့ပါတယ်။
အသံဗုံးတွေဟာ ၁၄၉ ဒက်စီဘယ်အထိ မြင့်တဲ့ ကြိမ်နှုန်းမြင့် အသံလှိုင်းတွေကို ထုတ်လွှင့်ပေးတာကြောင့် ဒက်စီဘယ် ၁၃၀ အထက်ဆိုရင် အကြားအာရုံ လုံးဝ ဆုံးရှုံးတတ်ပါတယ်။
အမည်မဖော်လိုသူ ဆန္ဒပြသူတဦးက မီးလှုံနေချိန်မှာပဲ သူတို့ကို တိုက်ခိုက်တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေဆီက တံတားကို ပြန်သိမ်းလိုပြီး သူတို့ကတော့ အသက်သေတဲ့အထိ ပြန်မပေးဘူးလို့ ပြောခဲ့ပါတယ်။
အောက်တိုဘာလကတည်းက စတင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် အီရတ်နိုင်ငံတဝန်း သေဆုံးသူ ၄၅၀ ကျော်သွားပြီလို့ အယ်လ်ဂျာဇီးယားသတင်းက ဆိုပါတယ်။
3 years Ago