အများသိ

November 27, 2020

သတင်းတုများအား အများသိအောင် ထုတ်ပြောကြရန် ထောက်ခံသူများကို ထိုင်းဘုရင်တိုက်တွန်း

သတင်းတုတွေ မကောင်းပုံကို အများသိအောင် ထုတ်ပြောကြဖို့ ထောက်ခံသူတွေကို ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်းက နိုဝင်ဘာလ ၂၅ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။  ဘုရင် လောင်ကွန်းဟာ သူ့ကို ဆန့်ကျင်တဲ့  ဆန္ဒပြပွဲတွေကို လအတော်ကြာ  ရင်ဆိုင်နေရပါတယ်။  ဆန္ဒပြသူတွေက သူ့ကို အမေရိကန်ဒေါ်လာသန်းပေါင်း သောင်းချီ တန်ဖိုးရှိတဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ဖို့လည်း လိုလားနေပါတယ်။  နိုဝင်ဘာလ ၂၅ ရက်က မြို့တော် ဘန်ကောက်မှာလုပ်တဲ့ အခမ်းအနားတခုမှာ ဘုရင် ဝချီရာနဲ့ မိဖုရား ဆုသီဒါတို့ကို ဘုရင့်ထောက်ခံသူတွေက  ဝန်းရံခဲ့ကြပါတယ်။  ထောက်ခံသူတစ်ယောက်ကလည်း "ဘုရင် ဝချီရာဟာ သတင်းတုတွေရဲ့ သားကောင် ဖြစ်ခဲ့ရတယ်" လို့ ဆိုပါတယ်။ ဒါပေမဲ့ တနေ့တည်းမှာ မြို့တော် ဘန်ကောက်ရဲ့ တခြားနေရာမှာတော့ ဆန္ဒပြသူ ထောင်ချီပြီး ဆိုင်ယမ်း ကူးသန်းရောင်းဝယ်ရေးဘဏ် ရုံးချုပ် အပြင်ဘက်မှာ ဆန္ဒပြခဲ့ပါတယ်။  အဲဒီဘဏ်မှာ ဝချီရာဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိတဲ့ ရှယ်ယာ ၂၃ ရာခိုင်နှုန်း ပိုင်ဆိုပြီး အကြီးဆုံး ရှယ်ယာရှင် ဖြစ်ပါတယ်။  ဆန္ဒပြသူဦဦး ကိုင်မြှောက်ထားတဲ့ စာတန်းမှာ "နိုင်ငံ့ဘဏ္ဍာငွေတွေကို ဘုရင့်ဆီက ပြန်တောင်းပါတယ်" ဆိုပြီး  ရေးသားထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
5 months Ago
Up