အမ်း

A d v e r t i s e m e n t With Us

November 7, 2020

ရန်ကုန်နှင့် အမ်းသို့ သွားကူပြီးပြန်လာသည့် ဆရာဝန်နှင့်သူနာပြုများကို ပခုက္ကူဒေသခံများ ကြိုဆို (ဓာတ်ပုံ)

ရန်ကုန်မြို့နဲ့ အမ်းမြို့မှာ ကိုဗစ်လူနာတွေကို သွားရောက်ကူညီပြီး ပြန်လာကြတဲ့  မကွေးတိုင်း ပခုက္ကူမြို့ ပြည်သူ့ဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေကို ဒေသခံတွေနဲ့ ပခုက္ကူပြည်သူ့ဆေးရုံက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ ဆရာဝန်နဲ့သူနာပြုတွေဟာ  နိုဝင်ဘာ ၅ ရက်နေ့ညက ပခုက္ကူမြို့ကို ပြန်လည်ရောက်ရှိကြတာလို့ သိရပါတယ်။ ပြန်လာသူတွေကတော့ ရန်ကုန်ကနေ ပြန်လာတဲ့ သူနာပြုဆရာ ၂ ဦး၊ သူနာပြုဆရာမ ၅ ဦးနဲ့ ရခိုင်ပြည်နယ်အမ်းမြို့က ပြန်လာတဲ့ လက်ထောက်ဆရာဝန် ၁ ဦးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အိဝါမောင်
4 months Ago

August 23, 2020

မင်းကင်းနှင့် အမ်းမြို့တွင် မြေငလျင်လှုပ်

မင်းကင်းမြို့နဲ့ အမ်းမြို့မှာ အင်အားအနည်းငယ်ရှိ မြေငလျင်အသီးသီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၅ နာရီ၊ ၂၆ မိနစ်၊ ၃၇ စက္ကန့် အချိန်က မင်းကင်းမြို့၏ အရှေ့တောင်ဘက် ၁၉ မိုင် ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ မနေ့ညနေပိုင်း ၁၅ နာရီ၊ ၃၉ မိနစ်၊ ၀၃ စက္ကန့် အချိန်ကလည်း အမ်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၉ မိုင် ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
6 months Ago
More News
Up