အမျိုးသားအောင်ပွဲနေ့မှာ အမျိုးသားရေးအတွက် အားလုံးက ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစကား ပါးလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မှာ ဒီမနက်လုပ်တဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ အဖွဲ့ချုပ်နာယက သူရဦးတင်ဦးက အမှာစကားပြောရင်း ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ နေ့လည်ပိုင်းက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲကိုလည်း နှစ်စဉ်မပျက် ကျင်းပခဲ့ပြီး ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ စမ်းစမ်းနွဲ(သာယာဝတီ)တို့က စာပေဟောပြောခဲ့ကြပါတယ်။
6 years Ago