အမျိုးသားလုံခြုံရေး

July 1, 2019

မက္ကဆီကို အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့သစ် ဖွဲ့စည်း

မက္ကဆီကို သမ္မတ လိုပက်ဇ် အိုဘရာဒိုဟာ မက္ကဆီကိုနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့သစ်ကို ဇွန်လ ၃၀ ရက်မှာ တရားဝင် ဖွဲ့စည်းလိုက်ပါတယ်။ စစ်တပ်ပုံသွင်းထားတဲ့ အဲဒီရဲတပ်ဖွဲ့အင်အားစုဟာ နိုင်ငံတွင်း ရာဇဝတ်မှုတွေ၊ ပဋိပက္ခတွေ နှိမ်နင်းရေးအပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းချုပ်ရေး စတဲ့ ကဏ္ဍတွေမှာ အဓိက တာဝန်ထမ်းဆောင်ကြမှာပါ။ မက္ကဆီကိုနယ်စပ်ကနေတဆင့် အမေရိကန်ကိုဝင်ဖို့ ကြိုးစားကြတဲ့ ဗဟိုအမေရိက နေရပ်ရွှေ့ပြောင်းသူတွေကို ထိန်းချုပ်ဖို့ မက္ကဆီကို အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ဒါဟာ မက္ကဆီကိုအနေနဲ့ တရားမဝင် နေရပ်ရွှေ့ပြောင်းသူတွေ ဝင်ရောက်လာတာကို ထိန်းချုပ်ပေးရင် အမေရိကန်က သူ့ရဲ့ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်တာတွေ ဖြေလျော့ပေမယ့် သဘောတူညီချက်အရ အခုလို လုပ်ဆောင်နေတာပါ။ ဇွန်လအစောပိုင်းက အမေရိကန်နဲ့ အဲဒီသဘောတူညီချက်အရ မက္ကဆီကိုအစိုးရဟာ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့သစ်အင်အား ၆၀၀၀ ကို ဂွါတီမာလာနဲ့ နယ်စပ်မှာ နေရာချထားခဲ့ပါတယ်။ အဲဒီလုံခြုံရေးတပ်ဖွဲ့သစ်ကို ဇွန်လ ၃၀ ရက်က တရားဝင်ကြေညာခဲ့ပေမယ့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ထိန်းချုပ်ရေး စီမံကိန်းမှာ သူတို့ကို  တာဝန်ချထားပေးပြီးပါပြီ။
2 years Ago

February 15, 2017

အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတကာသံတမန်များ တွေ့ဆုံ (ဓာတ်ပုံ)

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးကျော်တင့်ဆွေနဲ့ မြန်မာနိုင်ငံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးများမှ အကြီးအကဲများ/ ကိုယ်စားလှယ်တွေ  ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)ခန်းမှာ တွေ့ဆုံနေပါတယ်။
4 years Ago
Up