အမျိုးသားရဲ့ကိုယ်ပေါ် အမျိုးသမီးလိုက်ပါစီးပြသည့် အံ့မခန်း လေထီးခုန် စတန့်ပြကွက် (ရုပ်သံ)

March 4, 2017

အမျိုးသားရဲ့ကိုယ်ပေါ် အမျိုးသမီးလိုက်ပါစီးပြသည့် အံ့မခန်း လေထီးခုန် စတန့်ပြကွက် (ရုပ်သံ)

ပေါ်တရီကိုနိုင်ငံက အကြောက်အလန့်မဲ့ ကောင်းကင်လေထီးခုန်အမျိုးသမီးတစ်ဦးဟာ လေထဲမှာ လေထီးခုန်ဖော် အမျိုးသားတစ်ဦးရဲ့ ကိုယ်ပေါ်မှာ စီးပြတဲ့ အန္တရာယ်ရှိတဲ့  စတန့်ပြကွက် ဖန်တီးပြခဲ့ပါတယ်။ မတ် ၃ ရက်နေ့က တင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ရော်ဘင်ရန်းဆိုတဲ့ အမျိုးသမီး လေထီးခုန်သမားဟာ ပျံသန်းနိုင်တဲ့ အင်္ကျီကို ၀တ်ဆင်ထာတဲ့ တွဲဖက်လေထီးခုန်ဖော် အမျိုးသား အိုလစ်ဗာမစ်လာရဲ့ ကိုယ်ပေါ်ကို တက်ထိုင်လိုက်တာ တွေ့ရပါတယ်။ ဒီပျံသန်းဝတ်စုံက သူတို့ ၂ ဦးရဲ့ မြေပြင်ပေါ်ကို ပြုတ်ကျလာမယ့် အရှိန် ၁ နာရီ မိုင် ၁၂၀ နှုန်းကို နှေးသွားစေတယ်လို့ သိရပါတယ်။ သူတို့ ၂ ဦး မြေပြင်ပေါ် လုံခြုံစိတ်ချစွာ ကျလာမယ့် အချိန်အထိ ရော်ဘင်ရန်းက သူမရဲ့တွဲဖက်လေထီးခုန်ဖက် ကျောကုန်းပေါ်ကို မြင်းတစ်ကောင် စီးသလို စီးလိုက်ပြီး ပျော်ရွှင်စွာ လုပ်ဆောင်နေပုံအမျိုးမျိုးကိုလည်း ရုပ်သံထဲမှာ တွေ့ရမှာပါ။ သူတို့ ၂ ဦးရဲ့ လေထီးခုန်ဖက် နောက်တစ်ဦးဖြစ်သူ ဂျက်ဖ်က ဒီအံ့မခန်း လေထီးခုန် စတန့်ပြကွက်ကို ကင်မရာနဲ့ အမိအရ ရိုက်ယူလိုက်တာပါ။ “ပျံသန်းဝတ်စုံက တော်တော်ကို အဆင့်မြင့်တယ်၊ ဒီဝတ်စုံကို အတွေ့အကြုံရှိတဲ့ ဝတ်ဆင်သူနဲ့ အတွေ့အကြုံရှိတဲ့ စီးနင်းမဲ့သူ ၂ ဦး ဝတ်ဆင်စီးနင်းဖို့ပဲ လိုတယ်” လို့ ဂျက်ဖ်ကပြောပါတယ်။
5 years Ago
Up