အမျိုးသားတိရစ္ဆာန်ရုံ

January 31, 2019

အမေရိကန် အစိုးရလုပ်ငန်းများ ရပ်တန့်မှု အဆုံးသတ်ခဲ့ပြီးနောက် အမျိုးသားတိရစ္ဆာန်ရုံ ပြန်ဖွင့်

အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်တန့်မှု အဆုံးသတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အမျိုးသားတိရစ္ဆာန်ရုံကို ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အလားတူ လူကြိုက်များတဲ့ "Panda Cam" အစီအစဉ်ကို အွန်လိုင်းကနေ ပြန်လည် တင်ဆက်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ တိရစ္ဆာန်ရုံအတွင်းရှိ ပန်ဒါတွေရဲ့ လှုပ်ရှားသွားလာပုံတွေကို အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်တာ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ အမျိုးသားတိရစ္ဆာန်ရုံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကနေ ၂၈ ရက်အတွင်း ပိတ်ထားခဲ့ပေမယ့် တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့ကတော့ အလုပ်ကို လာရောက်ပြီး ပန်ဒါကြီးတွေ ဆော့ကစားနေပုံကို ဗွီဒီယို ရိုက်ကူးခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့ကလည်း ဗာဂျီးနီးယားပြည်နယ် ဖရန့်ရွိုင်ရယ်မြို့က ဆမစ်ဆိုနီယမ် ဇီဝထိန်းသိမ်းစောင်ရှော့က်ရေး အင်စတီကျုမှာ အညိုရောင် ကီဝီငှက်တကောင် အကောင်ပေါက်ခဲ့ပါတယ်။ အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံး အစိုးရလုပ်ငန်းတွေ ရပ်တန့်မှုဟာ ဇန်နဝါရီ ၂၅ ရက်နေ့က ပြီးဆုံးသွားခဲ့ပါတယ်။
2 years Ago
Up