တရုတ်နိုင်ငံတဝန်းမှာ သြဂုတ် ၇ ရက်နေ့က ကျင်းပတဲ့ အမျိုးသား ကျန်းမာကြံ့ခိုင်ရေးနေ့မှာ လူ သန်း ၉ဝ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
နိုင်ငံတဝန်းမှာ လူထုကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှု ၃,၅ဝဝ လောက် ကျင်းပပြုလုပ်ခဲ့တာပါ။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ အကာအကွယ်ပေးကြဖို့ တိုက်တွန်းထားပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာမှာ ပြည်သူ့ကျန်းမာရေးကို ဦးစားပေး သတ်မှတ်သင့်တယ်လို့ ပြောကြားထားတာပါ။
တရုတ်အစိုးရဟာ ၂ဝဝ၉ ခုနှစ်ကစပြီး သြဂုတ် ၈ ရက်နေ့ကို “အမျိုးသားကျန်းမာကြံ့ခိုင်ရေးနေ့” အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
၂ဝ၁၄ ခုနှစ်မှာတော့ အဲဒီအစီအစဉ်ကို အမျိုးသားမဟာဗျူဟာထဲ ထည့်သွင်း သတ်မှတ်ခဲ့တာလည်း ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago