အမျိုးသား

July 27, 2019

ကျောက်ကြီးတွင် အမျိုးသားတဦး ရေတွင်းပျက်ထဲ ခုန်ချ သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းက အမျိုးသား ၁ ဦး ရေတွင်းပျက်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။ သေဆုံးသူမှာ အရက်အသောက်များပြီး စိတ်မူမမှန်ဖြစ်နေတာကြောင့် မိခင်ဖြစ်သူနဲ့ ဆေးခန်းလာပြပြီး အပြန် လမ်းဘေးရှိ လူနေထိုင်ခြင်းမရှိတဲ့ ခြံဝင်းအတွင်းရှိ ရေးတွင်းပျက်ထဲ ခုန်ချခဲ့တာလို့ ဆိုပါတယ်။ "အခုသေဆုံးတဲ့သူက အရက်ကြောင့် စိတ်ကပုံမှန်မဟုတ်တဲ့အတွက် သူ့ရဲ့အမေနဲ့ဆေးခန်းလာပြတာ။ အပြန်မှာဖြစ်သွားတာပါ။ ကျနော်တို့အဖွဲ့နဲ့ မီးသတ်အဖွဲတွေ ရောက်သွားပြီး ကယ်ဆယ်ရေးကို လုပ်ခဲ့တယ်။ ဒါပေမဲ့ အချိန်မမီလိုက်ဘူး" လို့ ကျာက်ကြီးမြို့မစခန်းမှ တာဝန်ရှိသူကပြောပါတယ်။ သေဆုံးသူမှာ၊ ကျွဲတလင်းကျေးရွာအုပ်စု မတောကုန်းကျေးရွာမှာ နေထိုင်သူ ကိုအုန်းသီး (၃၉) နှစ်ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စုံစမ်းစစ်ဆေးနေပြီး အမှုအား ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၉) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)
2 years Ago

July 21, 2019

လေယာဉ်မယ်နှင့်တွေ့ခွင့်ရရန် ဗုံးပါသည်ဟု ခြိမ်းခြောက်ခဲ့သည့် အမျိုးသားကို ဖမ်းဆီး

လေယာဉ်မယ်နဲ့ ထပ်မံတွေ့ဆုံခွင့်ရရေးအတွက် လက်သန်ဆာလေယာဉ် LH1411 လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အမျိုးသားတဦးကို ဆားဘီးယားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ စကိုင်းနယူးသတင်းမှာ ဇူလိုင် ၂၀ ရက်နေ့က ဖော်ပြပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ ဒီအသက် ၆၅ နှစ်အရွယ် ဒီအမျိုးသားဟာ ဘဲဂရိတ်ကနေ ဖရန့်ဖတ်ကိုပျံ သန်းမယ့် လက်သန်ဆာလေယာဉ် LH1411 ပေါ်မှာ ဗုံးပါတယ်လို့ ဖုန်းဆက် ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး ဒီခြိမ်းခြောက်မှုကြောင့် လေယာဉ်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ခြိမ်းခြောက်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည် ၁၃၀ ဦးနဲ့ အမှုထမ်းတွေကို အရေးပေါ်ကယ်ထုတ်ခဲ့ရပြီး လေယာဉ်ကို ရှာဖွေမှုတွေပြုလုပ်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ခရီးသည်တွေဟာ သတ်မှတ်  လေယာဉ်ချိန်ထက် ရှစ်နာရီ နောက်ကျခဲ့ရပါတယ်။ ဆက်လာတဲ့ ဖုန်းကိုခြေရာခံခဲ့ရာမှ ဒီအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူကလည်း ကျူးလွန်ကြောင်း ဝန်ခံပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ပိုပြီးတောင် ထူးဆန်းနေပါတယ်။ အမည်မဖော်ပြထားတဲ့ ဒီအမျိုးသားဟာ လေယာဉ်ပေါ်မှာလိုက်ပါမယ့် လေယာဉ်နှစ်ဦးနဲ့ ဆုံတွေ့ခဲ့ဖူးပြီး သူတို့နှစ်ဦးကို ညစာစားဖို့ ဖိတ်ကြားခဲ့ပေမယ့် အငြင်းခံခဲ့ရပါတယ်။ ဒါကိုစိတ်ပျက်နေတဲ့ အမျိုးသားက လေယာဉ်ပေါ်မှာ ဗုံးရှိတယ်လို့ လိမ်ညာပြောဆိုပြီး လေယာဉ်ခရီးစဉ်ကို နှောင့်နှေးစေခဲ့တာလို့ သိရပါတယ်။ ဒီလိုနှောင့်နှေးအောင်ဆောင်ရွက်မှ ဒီအမျိုးသမီးနှစ်ဦးစလုံးဟာ ဆားဘီးယားနိုင်ငံထဲမှာ အချိန်ကြာကြာ ဆက်ရှိမယ်လို့ သူက ဆားဘီးယား ရဲတပ်ဖွဲ့ကို ဝန်ခံပါတယ်။ ဒါ့ကြောင့် ဒီအမျိုးသားကို လက်ရှိအချိန်မှာတော့ စိုးရိမ်ထိတ်လန့်မှုများကိုဖြစ်စေမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့သိရပါတယ်။
2 years Ago
More News
Up