အမျိုးသမီး ၄ ဦးအား သတ်မှု

September 16, 2018

အမျိုးသမီး ၄ ဦးအား သတ်မှုဖြင့် အမေရိကန်ထောက်လှမ်းရေးဟောင်းတဦးကို ဖမ်းဆီး

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း အမျိုးသမီး ၄ ဦးကို သတ်ဖြတ်ပြီး နောက်တဦးကို ပြန်ပေးဆွဲမှုနဲ့ အမေရိကန်နယ်စပ် ကင်းလှည့်ထောက်လှမ်း ရေးဟောင်းတဦးကို တက္ကဆက်ပြည်နယ် ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ အမျိုးသမီးတဦးက ထွက်ပြေးလွတ်မြောက်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့လို့ ဟွမ်ဒေးဗစ်အော့ထစ်ဆိုတဲ့ ဒီအမျိုးသားကို ရဲက ဖမ်းခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဆယ်စုနှစ်တခုလောက် နယ်စပ်ကင်းလှည့်တဲ့ တာဝန်ကို ထမ်းဆောင်ခဲ့သူပါ။ လက်ရှိရထားတဲ့ သဲလွန်စတွေကြောင့် ဖမ်းထားသူဟာ လူသတ်မှုတွေကို ကျူးလွန်ထားတယ်လို့ ဝက်ဘ်ကောင်တီ ခရိုင်ရှေ့နေက ပြောပါတယ်။ ဒါကြောင့် ဒီအမျိုးသားကို လူသတ်မှု၊ ပြန်ပေးမှု စတဲ့ပြစ်မှု ၄ ခုနဲ့ တရားစွဲဆိုသွားမယ်လို့လည်း သူကဆက်ပြောပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးတွေ ဘယ်သူဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့က မပြောထားပေမယ့် အမျိုးသမီးတွေဟာ အပျော်မယ်တွေဖြစ်တယ်လို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။
3 years Ago
Up