အမျိုးသမီး ၃ ဦး ဒဏ်ရာရ

April 16, 2017

ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ်တခု ပြိုကျ၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ  ပိတောက်ရွှေဝါဖူးမဏ္ဍပ်ပြိုကျပြီး အမျိုးသမီးပရိသတ် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၁၅ ရက် ညနေပိုင်းမှာ ယိမ်းအကအဖွဲ့ မဏ္ဍပ်ပေါ်ကနေတုန်း မဏ္ဍပ်ယာဘက်ခြမ်းရှိ သံစင်မြင့် ၁၀ ပေပတ်လည်ခန့်ပြိုကျခဲ့တာဖြစ်ပြီး မဏ္ဍပ်ပေါ်ထိုင်ကြည့်နေတဲ့ ပရိသတ် ၁၅ ဦးလောက် ပြိုကျတဲ့ထဲ ပါသွားခဲ့တာပါ။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၉၂ ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းမကြီးဘေးရှိ ပိတောက် ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုအတွင်း ဒဏ်ရာရတဲ့ အမျိုးသမီး ၃ ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံ ပို့ထားပြီး  မဏ္ဍပ်ကိုလည်း ပိတ်ထားလိုက်တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
4 years Ago
Up