အမျိုးသမီး ယူ ၁၉ အသင်းက စင်ကာပူကို ၅ ဂိုးပြတ် အနိုင်ရရှိ

A d v e r t i s e m e n t With Us

July 14, 2019

အမျိုးသမီး ယူ ၁၉ အသင်းက စင်ကာပူကို ၅ ဂိုးပြတ် အနိုင်ရရှိ

၂၀၁၉ အာရှယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ဇူလိုင် ၁၃ ရက် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ စင်ကာပူအမျိုးသမီးအသင်းကို  ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဗပာန်းမြက်ခင်းတု ကွင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မြန်မာ အသင်းက ၅-၀ ဂိုးနဲ့ဂိုးပြတ် အနိုင်ရရှိခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း စင်ကာပူအသင်းဘက်ကို ပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို မိုးမိုးသန်း၊ ဆွေမာအောင်၊ လင်းမြင့်မိုရ်၊ သဇင်အောင်၊ စန်းသော်သော် တို့က သွင်းယူပေးခဲ့ပါတယ်။ ခြေစမ်းပွဲကို စင်ကာပူ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမူအရ ယှဉ်ပြိုင်ကစားတာဖြစ်ပြီး စင်ကာပူ လူငယ်လက်ရွေးစင် အမျိုးသမီးအသင်းတွေဟာ ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ခြေစမ်းပွဲကစားခဲ့ဖူးပါတယ်။ မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းဟာ အောက်တိုဘာလ ကျင်းပမယ့် အာရှ ယူ - ၁၉ ပြိုင်ပွဲ အတွက် ဇူလိုင် ၁ ရက်ကနေ စတင်လေ့ကျင့်နေတာဖြစ်ပြီး စင်ကာပူအမျိုးသမီး အသင်းနဲ့ ပထမဆုံး ခြေစမ်းပွဲ ကစားခဲ့တာပါ။ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး အာရှ ယူ - ၁၉ ခြေစစ်ပွဲတွေမှာ ခြေစွမ်းပြကစားခဲ့တဲ့ ကစားသမားအများစုကို အခြေခံကာ ပြင်ဆင်လေ့ကျင့်နေတာလို့ သိရပါတယ်။ ၂၀၁၉ အာရှယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၉ ရက် အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းဟာ အုပ်စု ခ  မှာ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နဲ့ အတူကျရောက်နေပါတယ်။
2 years Ago
Up