အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာက ကမ္ဘာဒီးယားကို ဂိုးပြတ်နိုင်

June 28, 2015

အမျိုးသမီး ယူ-၁၄ အကြိုဗိုလ်လုပွဲ မြန်မာက ဗီယက်နမ်ကို ရှုံးနိမ့်

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဇွန် ၂၇ ရက်နေ့က ကစားခဲ့တဲ့ အာရှဒေသတွင်း အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ (အာဆီယံဇုန်) အကြို ဗိုလ်လုပွဲမှာ ဗီယက်နမ်က မြန်မာကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။ သာမန် ကစားချိန်အတွင်းနဲ့ အချိန်ပိုမှာ ၁ ဂိုး စီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဗီယက်နမ်က မြန်မာကို ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရသွားတာပါ။ တဖက်မှာ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာတော့ ထိုင်းက မလေးရှားကို ၆ ဂိုး ၁ ဂိုနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဇွန် ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်၊ တတိယနေရာ လုပွဲမှာ မြန်မာနဲ့ မလေးရှားတို့ ယှဉ်ပြိုင်ရမှာပါ။ အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ ၂၀၁၅ (အာဆီယံဇုန်) ကို ဇွန်လ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
6 years Ago

June 25, 2015

ယူ ၁၄ မြန်မာအမျိုးသမီး ထိုင်းကို ၇ ဂိုး ၁ ဂိုးဖြင့် ရှုံး

အာဆီယံဇုန် အုပ်စု (က) ရဲ့  တတိယပွဲစဉ်မှာ မြန်မာအမျိုးသမီးယူ ၁၄ အသင်းက ထိုင်းအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီအတွက် ထိုင်းအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စု ပထမရရှိခဲ့သလို မြန်မာ အသင်းကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံး ၆ မှတ်နဲ့ အုပ်စု ဒုတိယရရှိခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်သွားပေမယ့် မြန်မာအသင်းဟာ အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားသလို ဇွန် ၂၇ ရက်မှာ အုပ်စု (ခ) က ပထမရတဲ့ ဗီယက်နမ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ထိုင်းကတော့ အုပ်စု (ခ) မှာ အမှတ်တူနေတဲ့ ဖိလစ်ပိုင် ဒါမှမဟုတ်ရင် မလေးရှား အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago
Up