အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန် ၁-၀ တရုတ် (ရုပ်သံ ဟိုက်လိုက်)

June 28, 2015

အမျိုးသမီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ် အင်္ဂလန် ၂-၁ ကနေဒါ (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက အိမ်ရှင် ကနေဒါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၁၁ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ သွင်းယူနိုင်တာပါ။ ကနေဒါအတွက် ချေပဂိုး ၁ ဂိုးကို ၄၂ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ကနေဒါအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ်ကစားသွားပြီး ထိုးဖောက် ကန်သွင့်ခွင့်မှာတော့ အပြန်အလှန် ရရှိခဲ့ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ဆီမီးဖိုင်နယ်မှာ အမေရိကန်နဲ့ ဂျာမဏီ၊ ဇူလိုင် ၁ ရက်နေ့ ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်နဲ့ လက်ရှိ ချန်ပီယံ ဂျပန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago

June 27, 2015

အမျိုးသမီး ကမ္ဘာ့ဖလား ဂျာမနီ ၅-၄ ပြင်သစ် (ရုပ်သံ ဟိုက်လိုက်)

ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ကွာတာဖိုင်နယ် ဂျာမနီနဲ့ ပြင်သစ်တို့ပွဲစဉ်ပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ရာမှာ ဂျာမနီက ၅-၄ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
6 years Ago

အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန် ၁-၀ တရုတ် (ရုပ်သံ ဟိုက်လိုက်)

ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ကွာတာဖိုင်နယ်မှာ အမေရိကန်အသင်းက တရုတ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
6 years Ago
Up