အမျိုးသမီး ကမ္ဘာ့ဖလား ဂျာမနီ ၅-၄ ပြင်သစ် (ရုပ်သံ ဟိုက်လိုက်)

July 1, 2015

အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန်က ဂျာမနီကိုနိုင်ပြီး ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အမေရိကန် အသင်းက ဂျာမနီကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဗိုလ်လုပွဲကို ကနေဒါ ဒေသအချိန် ဇွန် ၃၀ ရက်က ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဂျာမနီက အနီ၊ အမေရိကန်က အဖြူရောင် ၀တ်ဆင်ထားတာပါ။ နှစ်သင်းစလုံး ဒီပွဲမှာ အပြန်အလှန် ထိုးဖောက် ကန်သွင်းခွင့်တွေရလို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ၅၈ မိနစ်မှာ ဂျာမနီ တိုက်စစ်မှူး ပင်နယ်တီရပေမယ့် ဂိုးပေါက်မတည့်လို့ ဦးဆောင်ဂိုးနဲ့ လွဲသွားပါတယ်။ အမေရိကန်အတွက် ဦးဆောင်ဂိုးကို တဘက်နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီရပြီး အဲဒီပင်နယ်တီကို အသင်းခေါင်းဆောင် ကာရီ လွိုက်က သွင်းယူပြီး အမေရိကန်တို့ ပထမဂိုး ရသွားပါတယ်။ ဒုတိယဂိုးကိုလည်း ကာရီ လွိုက်ရဲ့ ထိုးဖောက် ပေးပို့မှုကနေ အိုဟာရာက သွင်းယူပါတယ်။ အမေရိကန်အသင်းဟာ ၄ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ အမေရိကန်နဲ့ ဂျာမနီအသင်းတို့ဟာ ချန်ပီယံ ၂ ကြိမ်စီ ဖြစ်ဖူးထားပါတယ်။ အမေရိကန် နည်းပြ ဂျေးအီးလိစ်ကတော့ ကစားသမားတွေအတွက် ဂုဏ်ယူသလို နောက်ပွဲကစားရမယ့် ပြိုင်ဘက်ကို ဂရုစိုက်သွားမယ်လို့ ပြောပါတယ်။ လာမယ့် ဇူလိုင် ၅ ရက်နေ့ ဗိုလ်လုပွဲမှာတော့ အမေရိကန်အသင်းဟာ ဂျပန်နဲ့ အင်္ဂလန် ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
6 years Ago

June 28, 2015

အမျိုးသမီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ် အင်္ဂလန် ၂-၁ ကနေဒါ (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက အိမ်ရှင် ကနေဒါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၁၁ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ သွင်းယူနိုင်တာပါ။ ကနေဒါအတွက် ချေပဂိုး ၁ ဂိုးကို ၄၂ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ကနေဒါအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ်ကစားသွားပြီး ထိုးဖောက် ကန်သွင့်ခွင့်မှာတော့ အပြန်အလှန် ရရှိခဲ့ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ဆီမီးဖိုင်နယ်မှာ အမေရိကန်နဲ့ ဂျာမဏီ၊ ဇူလိုင် ၁ ရက်နေ့ ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်နဲ့ လက်ရှိ ချန်ပီယံ ဂျပန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up