အမျိုးသမီး ကမ္ဘာ့ဖလားပွဲ ဂျာမနီက ထိုင်းကို ဂိုးပြတ်နိုင်

June 27, 2015

အမျိုးသမီး ကမ္ဘာ့ဖလား ဂျာမနီ ၅-၄ ပြင်သစ် (ရုပ်သံ ဟိုက်လိုက်)

ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ကွာတာဖိုင်နယ် ဂျာမနီနဲ့ ပြင်သစ်တို့ပွဲစဉ်ပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ရာမှာ ဂျာမနီက ၅-၄ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
6 years Ago

June 24, 2015

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဂျပန် ကွာတားဖိုင်နယ် တက်

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဂျပန်အသင်းနဲ့ နယ်သာလန်တို့ ဇွန် ၂၄ ရက်က ယှဉ်ပြိုင်ရာ ဂျပန်က ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ဂျပန်အသင်းက ပွဲစတင်တဲ့ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး  ဦးဆောင်ဂိုးသွင်းယူကာ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂျပန်အသင်းက နောက်တဂိုး ထပ်မံသွင်းယူခဲ့သလို ဂျပန်ဂိုးသမားရဲ့ ပေါ့လျော့မှုကနေတဆင့် နယ်သာလန် အသင်းက ချေပဂိုးတဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန် ၂၇ ရက်မှာ ဂျာမနီနဲ့ ပြင်သစ်၊ တရုတ်နဲ့ အမေရိကန်၊ ဇွန် ၂၈ ရက်မှာ သြစတြေးလျနဲ့ ဂျပန်၊ ကနေဒါနဲ့ အင်္ဂလန်တို့ အသီးသီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
6 years Ago
More News
Up