အမျိုးသမီးအမတ်

June 15, 2018

မောင်တောဒေသသို့ အမျိုးသမီးအမတ်များအား စေလွှတ်ရန်တိုက်တွန်း

အကြမ်းဖက်ပရိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသသို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို စေလွှတ်ပေးဖို့ ရခိုင်ပါတီ လွှတ်တော် အမတ် ဦးဦးလှစောက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြတိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်တွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်တဲ့ ကာကွယ်မှု ပြုလုပ်ပေးဖို့ ဇွန်လ ၁၅ ရက်က ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်း ဆွေးနွေးစဉ်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။ ရခိုင်ပြည်နယ် ပြဿနာအပေါ် နားလည်သိရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် နည်းပါးနေတဲ့ အတွက် အခုလို တိုက်တွန်းရတာဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့ အချက်တွေကို အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်စေဖို့အတွက်လည်း ဖြစ်တယ်လို့ ဦးဦးလှစောက  ပြောပါတယ်။
3 years Ago

January 20, 2017

တူရကီလွှတ်တော်အတွင်း အမျိုးသမီးအမတ် ၂ ဦး ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)

ဇန်နဝါရီ ၁၉ ရက်နေ့က တူရကီနိုင်ငံ လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မပြင် ငြင်းခုန်ဆွေးနွေးရာက အမျိုးသမီးလွှတ်တော်အမတ်တွေအကြား တဦးနဲ့တဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်တဲ့အထိ အငြင်းပွားခဲ့ကြပါတယ်။ လက်ရှိအာဏာရ AK ပါတီ လွှတ်တော်အမတ်တွေက သမ္မတ တာယစ် အာဒိုဂန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ဖို့အတွက် ဖွဲ့စည်းပုံထဲက ဥပဒေ ၁၈ ခုကို ပြင်ဆင်ဖို့ အဆိုတင်ထားပါတယ်။ ဒီ့အတွက် လွှတ်တော်ထဲမှာ အပြန်အလှန် ဆွေးနွေးနေပြီး ပထမဆင့်အနေနဲ့ ဥပဒေ ၁၈ ခုထဲက ၇ ခုကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ပုဂ္ဂလိက လွှတ်တော်အမတ်တဦးက အာဏာရ AK ပါတီရဲ့ လွှမ်းမိုးမှုကို ကန့်ကွက်တဲ့အနေနဲ့ သူ့ကိုယ်သူ လက်ထိတ်ခတ်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီလုပ်ရပ်ကို အာဏာရပါတီ အမတ်တဦးက တားဆီးဖို့ ကြိုးစားရာကနေ တဦးနဲ့တဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဥပဒေတခုချင်းစီကို ပြန်ပြင်ဖို့ဆိုရင် လွှတ်တော်ထဲမှာ ထောက်ခံမဲ ၃၃၀ ရဖို့လိုအပ်ပြီး အာဏာရ AK ပါတီမှာ မဲပေးနိုင်တဲ့ ကိုယ်စားလှယ် ၃၁၆ ဦး ရှိပါတယ်။ ဒီ့အတွက် အတိုက်အခံအမတ်တွေဆီကနေ ထောက်ခံမဲထပ်ရဖို့ဟာ အလွန်အရေးကြီးပါတယ်။ အခုလို ဖွဲ့စည်းပုံပြင်ဆင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ အာဒိုဂန်ကို နှစ်သက်သူတွေက ထောက်ခံအားပေးပေမယ့် အတိုက်အခံတွေကတော့ ဒါဟာ အာဏာရှင်စနစ်ကို ဦးတည်စေတဲ့လုပ်ရပ် ဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြောင်း အန်ကာရာကလာတဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up