အမျိုးသမီးအဆိုတော်

A d v e r t i s e m e n t With Us

June 6, 2019

ဖို့ဘ်မဂ္ဂဇင်းက ရွေးချယ်သည့် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော် ရီဟားနား

နာမည်ကျော် ဖို့ဘ်မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး အဆိုတော်တွေ စာရင်းမှာ ရီဟားနားက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလလုံး တေးအယ်လ်ဘမ်တွေ မထွက်ရှိခဲ့ပေမယ့် ရီဟားနားဟာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ အချမ်းသာဆုံး အမျိုးသမီး အဆိုတော် ဖြစ်လာခဲ့တယ်လို့ စီအန်အန်သတင်းမှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြပါတယ်။ Umbrella၊ Diamonds နဲ့ What's My Name? သီချင်းတွေလို နာမည်ကျော် တေးသီချင်းတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အဆိုတော်ဟာ ဂီတတခုတည်းက ရရှိတဲ့ ဝင်ငွေကြောင့် ခုလိုရပ်တည်နိုင်တာ မဟုတ်ပါဘူး။ ဖို့ဘ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်မှာတော့ ရီဟားနားဟာ ပြင်သစ်နာမည်ကြီး ဖက်ရှင် အသုံးအဆောင် အမှတ်တံဆိပ်တွေဖြစ်တဲ့ Christian Dior၊ Givenchy နဲ့ Louis Vuitton စတဲ့ အမှတ်တံဆိပ်တွေ ထုတ်လုပ်တဲ့ LVMH နဲ့ ပူးပေါင်းပြီး ပထမဆုံး ဖက်ရှင်အမှတ်တံဆိပ် ထုတ်ကုန် ထုတ်လုပ်မှုကနေ ရရှိတဲ့ ဝင်ငွေတွေလည်း ပါဝင်နေသလို သူ့နာမည်ရင်းဖြစ်တဲ့ Fenty အမည်နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံ အသုံးအဆောင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေက ရရှိတဲ့ ဝင်ငွေတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရီဟားနားရဲ့နောက် အချမ်းသာဆုံး အမျိုးသမီးအဆိုတော် စာရင်းမှာတော့ နာမည်ကြီး အဆိုတော် မက်ဒေါနားက အမေရိကန်ဒေါ်လာ သန်း ၅၇၀၊ ဆလင်းဒီယွန်က သန်း ၄၅၀၊ ဘီယွန်းစေးက သန်း ၄၀၀ နဲ့ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ စာရင်းဇယားတွေအရတော့ သူ့ရဲ့ ခုလို ထိပ်တန်းအဆင့် ကြွယ်ဝမှုတွေထဲမှာ ၁၅ ရာခိုင်နှုန်းလောက်က ပြင်သစ်နာမည်ကြီး ဖက်ရှင်လုပ်ငန်းစု LVMH က ရရှိတာ ဖြစ်နိုင်တယ်လို့ မဂ္ဂဇင်းက ဆိုပါတယ်။
2 years Ago
Up