အမျိုးသမီးသတင်းထောက်

June 27, 2018

ကမ္ဘာ့ဖလားပွဲသတင်း ပေးပို့နေသည့် အမျိုးသမီးသတင်းထောက်အား ပရိသတ်တဦး နမ်းရန်ကြိုးစား (ရုပ်သံ)

ရုရှားနိုင်ငံမှာ ကမ္ဘာ့ဖလားပွဲစဉ်ကို တိုက်ရိုက် သတင်းပေးပို့နေတဲ့ ဘရာဇီး အမျိုးသမီးသတင်းထောက် ဂျူလီယာ ဂဲမာရက်စ်ကို ပရိသတ်တယောက်က နမ်းဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ သတင်းထောက် အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ ဂျပန်နဲ့ ဆီနီဂေါ ပွဲစဉ်ကို ဘရာဇီးရုပ်သံ အားကစားအစီအစဉ်အတွက် သတင်းပို့နေတုန်း အမျိုးသားပရိသတ်တဦးက နမ်းဖို့ ကြိုးစားခဲ့တာပါ။ ဂဲမာရက်စ်လိုပဲ တခြား အမျိုးသမီး သတင်းထောက်တွေလည်း ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သတင်းယူရင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာတွေ ခံခဲ့ရပါတယ်။
3 years Ago
Up