အမျိုးသမီးလိဂ်ပြိုင်ပွဲ

December 26, 2017

အမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ်ကော်မတီက ကြီးမှူးကျင်းပမယ့် KBZ Bank Women League 2017/18 အမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၃း၀၀ နာရီ အောင်ဆန်းကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ KBZ Bank Women League 2017/18 အဖွင့်ပွဲအဖြစ် သစ္စာအားမာန်အသင်းနဲ့ မြဝတီအက်ဖ်စီ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲမစမီ ဖြိုးကြီး၊ အားတီ၊ ပိုပို၊ ဂျင်းနီ၊ ကာကာနဲ့ Famous Dancer အဖွဲ့က ဖျော်ဖြေသွားမှာပါ။ KBZ Bank Women League 2017/18 ဖွင့်ပွဲနဲ့ ပွဲစဉ်တွေအားလုံးကိုတော့ ဝင်ကြေးအခမဲ့နဲ့ အောင်ဆန်းကွင်းမှာ လာရောက်အားပေးနိုင်တယ်လို့ သိရပါတယ်။
3 years Ago
Up