အမျိုးသမီးတဦးထံမှ

July 29, 2017

အမျိုးသမီးတဦးထံမှ ကျပ်သိန်းပေါင်း ၃၉၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ကြီး-သာစည်လမ်း ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၂၈ ရက် မနက် ၂ နာရီလောက်က တောင်ကြီးဘက်ကလာတဲ့ ကားပေါ် လိုက်ပါလာသူ အမျိုးသမီး ၁ ယောက်ဆီကနေ သိန်းပေါင်း ၃၉၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်လို့ သာစည်မြို့မ ရဲစခန်းက ပြောပါတယ်။ အောင်စစ်ခိုင် ခရီးသည်တင်ကားနဲ့ လိုက်ပါလာသူ ဘားအံမြို့ သီရိလမ်းနေ မမိခိုင် (ခ) မမိမိခိုင် ရဲ့ ခရီးဆောင်အိတ်တွေထဲက တွေ့ရှိတာ ဖြစ်ပါတယ်။ ဒုရဲအုပ် ဖြိုးကျော်ခိုင်က "King Powerခရီးဆောင် အိတ်ထဲက စိတ်ကြွဆေးပြား ၆၄၀၀၀ တွေ့တယ်၊ တန်ဖိုး သိန်း ၁၉၂၀ သင့်တယ်။ WEISHUAI ခရီးဆောင်အိတ်ထဲက စိတ်ကြွဆေးပြား ၆၅၈၀၀ တွေ့တယ်၊ တန်ဖိုးသိန်းပေါင်း ၁၉၇၄ တန်ဖိုးသင့်တယ်။ အိတ် ၂ လုံးဆေးပြားပေါင်း ၁၂၉၈၀၀ ရှိပါတယ်။ စုစုပေါင်းငွေ သိန်းပေါင်း ၃၈၉၄ သိန်းပေါ့၊ စိတ်ကြွဆေးပြားတွေ သယ်ပေးခ ၁၇ သိန်းရတယ်ဆိုတာ သိရတယ်၊ ကွင်းဆက်တရားခံကို ဆက်စစ်ဆေးနေတယ်" လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော သုံးစွဲ/လက်ဝယ် ထားရှိ/ရောင်းဝယ်/ထုတ်လုပ်ဖြန့်ဖြူး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။ သတင်း -မောင်မောင်လင်း (ဝမ်းတွင်း)
4 years Ago

July 1, 2017

အမျိုးသမီးတဦးထံမှ ဆွဲကြိုးဖြတ် လုပြေးသူ ၂ ဦးကို ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဇွန် ၃၀ ရက်ည ၉ နာရီလောက်က အမျိုးသမီးတဦးဆီကနေ ဆွဲကြိုးဖြတ်လုယူ ထွက်ပြေးသူ လူငယ် ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ “အမျိုးသမီးဆီကနေ ဆွဲကြိုးကိုဖြတ်ပြီး ဆိုင်ကယ်နဲ့ထွက်ပြေးတာပါ။ အဲဒါကို ရွာက ဖုန်းဆက်တော့ သူတို့လာနိုင်တဲ့ လမ်းကြောင်းတွေကို လိုက်ပြီးစစ်ဆေးတာပေါ့။ အဲမှာ လုလာတဲ့ ဆွဲကြိုးနဲ့အတူ ဖမ်းမိတာပါ။ လူငယ်တွေပါ လုပ်တာက” လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ကျော်ဇင်ထိုက်က ဒီဗွီဘီကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဖြူးမြို့နယ် ရေလျှံကြီးကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာရှိ အမျိုးသမီးတဦးထံကနေ လူငယ်နှစ်ဦးက ဆွဲကြိုးအား လုရက်ပြီးဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြောင်း ဖြူးမြို့မရဲတပ်ဖွဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက လုရက်ထွက်ပြေးသွားနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေခဲ့လို့ လုရက်ထွက်ပြေးလာသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဆွဲကြိုးဖြတ်ပြေးတဲ့ စောလင်းဦးနဲ့ အောင်သန့်တို့ကို သက်သေခံပစ္စည်း ဆွဲကြိုးပြတ်တခုနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ DAYANG အမျိုးအစား ဆိုင်ကယ်တစီးကို ဖမ်းဆီးရမိခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ နှစ်ဦးအား (ပ)၂၅၇ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၈၂/၁၁၄ အရ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
5 years Ago
Up