အမျိုးသမီးတဦးကို ဓားစာခံဖမ်းထားသည့် သေနတ်သမားအား သြစတြေးလျရဲ အသေပစ်သတ်

June 6, 2017

အမျိုးသမီးတဦးကို ဓားစာခံဖမ်းထားသည့် သေနတ်သမားအား သြစတြေးလျရဲ အသေပစ်သတ်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဇွန်လ ၅ ရက်နေ့က အမျိုးသမီးတဦးကို ဓားစာခံဖမ်းထားတဲ့ သေနတ်သမားကို အသေပစ်သတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ စစ်သွေးကြွလှုပ်ရှားမှုနဲ့ ပတ်သက်မှုရှိသလားဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူတို့က ပြောပါတယ်။ ကမ်းခြေနားက ဘရစ်တွန် ဆင်ခြေဖုံး သူဌေးရပ်ကွက်အတွင်း တိုက်ခန်းမှာ တနာရီကျော်ကြာ ထိပ်တိုက်တွေ့မှုအတွင်း ရဲအရာရှိ ၃ ဦး ဒဏ်ရာရတယ်၊ သေနတ်သမားကိုတော့ အစောပိုင်းတည်းက သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်သားတွေ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ် ရဲတွေက တိုက်ခန်းထဲကလူနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့သေးတယ်၊ အမျိုးသမီးကို ထွက်သွားဖို့ သူက ခွင့်မပြုဘူးလို့ ယုံကြည်ရကြောင်း ရဲတွေက တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။ တနာရီအကြာမှာ ဒီဖြစ်ရပ်ကို ဖြေရှင်းလိုက်နိုင်ပြီး ဓားစာခံအမျိုးသမီးကို ကယ်လိုက်နိုင်ခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ဒီဖြစ်ရပ်က အကြမ်းဖက်ဝါဒနဲ့ သက်ဆိုင်မှုရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာချက်က ဆိုပါတယ်။
4 years Ago
Up