အမျိုးသားအသွင်ဖြင့် ဘောလုံးပွဲတွင် ခြေစွမ်းပြသည့် အမျိုးသမီး

November 7, 2015

အမျိုးသားအသွင်ဖြင့် ဘောလုံးပွဲတွင် ခြေစွမ်းပြသည့် အမျိုးသမီး (ရုပ်သံ)

အမျိုးသားတွေလုပ်နိုင်တယ် ဆိုတာကို အမျိုးသမီးတွေလည်း လုပ်နိုင်တယ်ဆိုတဲ့ အကြောင်း အမျိုးသမီး ဘောလုံးသမားတဦးက အမျိုးသားလို ၀တ်ဆင်ပြီး ဘောလုံးစွမ်းရည်  ပြသခဲ့ပါတယ်။ မက်ဒရစ်က ဘောလုံးပြိုင်ပွဲတခုမှာ လူစားလဲ ၀င်ရောက်လာတဲ့ ယောက်ျားလေးလို ၀တ်ဆင်ထားတဲ့ စပိန်အမျိုးသမီး ဘောလုံးသမားတဦးရဲ့ ဘောလုံးစွမ်းရည်ကြောင့် ပြိုင်ဘက် အမျိုးသားတွေ တအံ့တသြ ဖြစ်ခဲ့ရတယ်လို့ ဒေးလီးစတား သတင်းက ရေးပါတယ်။ နောက်ပိုင်းမှာတော့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ ရုပ်ဖျက်ထားတာကို ဖယ်ရှားလိုက်ပြီး အလွတ်တည်ကန်ဘောကို ကန်ပြခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တချို့သော စိတ်ကူးတွေကို ပယ်ဖျက်ဖို့ စပိန် တီဗွီရုပ်သံ တခုအတွက် ဒီရုပ်သံကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားအဖြစ် ဖန်တီးဖို့ ကြေးစား အမျိုးသမီးဘောလုံးသမား ဘရုနက်ဘရင်ဒါက ၇ နာရီကြာ မိတ်ကပ်ခြယ်သခဲ့ပါတယ်။ လက်တွေကို ဖုံးထားဖို့လည်း လက်အိတ်ကို အသုံးပြုခဲ့ပြီး ဒိုင်လူကြီးနဲ့ အသင်းမန်နေဂျာတွေကသာ အမျိုးသမီးဖြစ်တယ် ဆိုတာကို သိကြပါတယ်။
6 years Ago
Up