အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

May 27, 2016

အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို နေပြည်တော် က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ မေလ ၂၇ ရက်ကနေ ၂၈ရက်နေ့အထိ ၂ ရက်ကြာကျင်းပနေပါတယ်။ အဲ့ဒီဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို လုပ်သားထုရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနဲ့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဆောင်ရွက်နေမှု အခြေအနေတွေကို မျှဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်သားထုရဲ့ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းတွေသတ်မှတ်နိုင်ဖို့ စတဲ့ရည်ရွယ်ချက် တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။  
6 years Ago
Up