အမျိုးသားတဦးနှင့် ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ခဲ့သည့် ကြောက်စရာခြင်္သေ့ကြီး

April 11, 2017

အမျိုးသားတဦးနှင့် ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ခဲ့သည့် ကြောက်စရာခြင်္သေ့ကြီး (ရုပ်သံ)

ခြင်္သေ့တွေကို ထိတ်လန့်စရာ ကြောက်မက်ဖွယ် သတ္တဝါတွေလို့ အားလုံးက ယူဆထားခဲ့ကြပေမယ့် ဒီခြင်္သေ့ကြီးကတော့ တမူထူးခြားနေခဲ့ပါတယ်။ သူတို့ဟာ လူတွေနဲ့ လက်ပွန်းတတီးရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်က တက်ဒ် ပါပါစတေဖန်ကတော့ ခြင်္သေ့တကောင်ရဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ခံခဲ့ရသူ ဖြစ်လာပါတယ်။ အသက် ၁၉ လသားအရွယ် ခြင်္သေ့ကြီး နပိုလီယံဟာ တက်ဒ်ကို ဝမ်းဗိုက်နဲ့ပွတ်ပြီး မြေပြင်ပေါ်မှာ လုံးလားထွေးလားနဲ့ ရှိနေခဲ့ကြတာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နပိုလီယံနဲ့ တက်ဒ်တို့ရဲ့ ချစ်စရာပြုမူလှုပ်ရှားပုံတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
4 years Ago
Up