အမျိုးသမီးဘ၀မှ လိင်အင်္ဂါပြောင်းပြီး ကာယဗလကြံ့ခိုင်သည့် အမျိုးသားဖြစ်လာသူ (ရုပ်သံ)

February 10, 2017

အမျိုးသမီးဘ၀မှ လိင်အင်္ဂါပြောင်းပြီး ကာယဗလကြံ့ခိုင်သည့် အမျိုးသားဖြစ်လာသူ (ရုပ်သံ)

အမျိုးသမီးတဦးအဖြစ်ကနေ အမျိုးသားတဦးအဖြစ် လိင်အင်္ဂါ ခွဲစိတ်ပြုပြင်ပြောင်းလဲပြီးနောက်မှာတော့ သူ့ရဲ့ ကာလရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ဟာ အကောင်အထည်ပေါ်လာခဲ့ပြီလို့ ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ကိုဒီဟာမန်ဟာ လက်ရှိမှာတော့ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်ကာ ဖုထစ်တဲ့ ကြွက်သား၊ သန်မာကြံ့ခိုင်တဲ့ အမျိုးသားတဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ ဒါဟာ ယုံကြည်မှုခိုင်မာခြင်းရဲ့ ပြယုဂ်တခုဖြစ်ပြီး အခက်အခဲတွေ၊ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့တယ်ဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်တာကာလကတော့ သူဟာ သတို့သမီးတဦးအဖြစ် လျှောက်လမ်းခဲ့ရပြီး သူမရဲ့ လိင်စိတ်ခံယူချက် သဘောထားအပေါ် တခြားသူတွေ သိသွားမှာကို စိတ်ပူပန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဟာမန်ဟာ ငယ်ရွယ်စဉ်ကတည်းက သူ့ကိုယ်သူ ယောက်ျားလေးတယောက်လိုသာ ခံစားခဲ့ရပြီး သူ လက်မထပ်သင့်ဘူးဆိုတာ သိနေခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ စားဖိုမှူးတဦးအဖြစ် လုပ်ကိုင်နေတဲ့ ကိုဒီဟာမန်က “ကျနော် လက်ထပ်ခဲ့တာဟာ မှားပြီလို့ သိခဲ့တယ်။ ဒါပေမယ့် အားလုံးကို ဘယ်လိုပြောရမလဲဆိုတာ ကျနော် မသိခဲ့ဘူး။ ခုချိန်မှာတော့ အမျိုးသားတယောက်အဖြစ် ရပ်တည်ရှင်သန်ခွင့် ရခဲ့ပြီဖြစ်လို့ ပျော်ရွှင်မိပါတယ်” လို့ ပြောပါတယ်။ သူဟာ တင်းကျပ်တဲ့ ဘာသာရေးစည်းမျဉ်းတွေနဲ့ မိသားစုတွေကြားမှာ ကြီးပြင်းခဲ့ရတာဖြစ်ပြီး ထွက်ပေါက်မရှိတဲ့ အခြေအနေမှာ နေထိုင်ခဲ့ရတာပါ။ ကိုဒီဟာ အင်တာနက်ဒိတ်တင်းဝက်ဘ်ဆိုက်တခုမှတဆင့် ချစ်ကြိုက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားတဦးဖြစ်သူ အဒမ်နဲ့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သူဟာ ဟန်ဆောင် ပျော်ရွှ့င်ခဲ့ရတယ်လို့ ပြောပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ သူတို့ဟာ အဒမ်ရဲ့ မွေးရပ် ဂျာမနီကို ရွှေ့ပြောင်းသွားခဲ့ကြပြီး နောက်မှာတော့ သူဟာ ပိုပြီး စိတ်မပျော်ရွှင် ဖြစ်လာခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာတော့ သူဟာ ကယ်လီဖိုးနီးယားကို ပြန်လာခဲ့ပြီးနောက် အချက်အပြုတ်သင်တန်း တက်ခဲ့ပြီး ဒါဟာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်အသစ်အနေနဲ့ သူ့ကို အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ကိုဒီဟာ အချိန် ၁ နှစ်ခွဲ ၂ နှစ်လောက်ကြာချိန်မှာ ပြန်လာမယ်လို့ အဒမ်ကို ပြောခဲ့ပေမယ့် ပြန်မသွားဖြစ်တော့ဘဲ ကွာရှင်းခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သူက သူ့ကိုယ်ကို အမျိုးသမီး လိင်တူချင်းစုံမက်သူတယောက်ဖြစ်တယ်လို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုတွေကို ပြောခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ဆေးပညာအကူအညီနဲ့ ကျားဟော်မုန်းနဲ့ အမျိုးသားတဦးအဖြစ် ပြောင်းလဲခဲ့တာပါ။ စားသောက်နေထိုင်မှုပုံစံတွေရော ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းတွေကိုပါ ဇွဲနပဲနဲ့ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ကိုဒီဟာ ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသားတဦး ဖြစ်လာခဲ့ပါပြီ။ လက်ရှိမှာတော့ သူဟာ လွတ်လပ်တဲ့ အမျိုးသားတဦးအဖြစ် အချစ်ကို ရှာဖွေနေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ “ကျနော် အမျိုးသမီးတွေနဲ့ ကာလတိုအချိန်တွေအဖြစ်ပဲ တွဲခဲ့ရတယ်။ ကျနော့်အနေနဲ့ ကာလရှည်လက်တွဲနိုင်မယ့် ချစ်သူကို ပိုလိုချင်ပါတယ်။”
4 years Ago
Up