စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ အပေါ်ပိုင်းအဝတ်အစား မဝတ်ထားတဲ့ အမျိုးသမီး/အမျိုးသား တန်းတူအခွင့်အရေးဝါဒီ အမျိုးသမီးတဦးဟာ ဒေါ်နယ်ထရမ့်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။
မက်ဒရစ်မြို့ရှိ ဖယောင်းရုပ်တု ပြတိုက်ထဲမှာရှိတဲ့ ရွေးချယ်ခံ သမ္မတဒေါ်နယ်လ်ထရမ့် ဖယောင်းရိုပ်တုက ------ကို ကိုင်ပြီး “ကိုယ်ကျိုးကြည့် အကြီးအမှူး အုပ်ချုပ်သူကြီးရဲ့ ------ကို “မ” ထားကြ”လို့ အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြောင်း နယူးယော့ခ် ဒေးလီးနယူးစ် အင်တာနက်စာမျက်နှာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။
သူမရဲ့ကြောကုန်းပေါ်မှာလည်း ဆန္ဒပြခဲ့တဲ့ စာသားကို ရေးသားထားပါတယ်။ အဲဒီ အမျိုးသမီးကို လုံခြုံရေးတွေက တွန်းထုတ်ပြီး ထရမ့်ပုံရဲ့ ဖယောင်းရုပ်တုကို နေရာပြန်ချနေတယ်လို့လည်း အခင်းဖြစ်တဲ့နေရာမှာ ရှိတဲ့ ရိုက်တာ သတင်းထောက်ရဲ့ အပြောအရ သိရပါတယ်။
အမျိုးသား/အမျိုးသမီး တန်းတူဝါဒီ အုပ်စုဟာ တွီတာပေါ်မှာလည်း “မက်ဒရစ်မှာ အမျိုးသမီးအမျိုးသား တန်းတူဝါဒီတွေက ထရမ့် ဖယောင်းရုပ်တုက ------ကို ကိုင်တာပါပဲ” လို့ ရေးသားထားပါတယ်။
ဆန္ဒပြသူ အမျိုးသမီးရဲ့ ရင်ဘက်ပေါ်မှာလည်း “ပြန်ကိုင်ကြ” လို့ဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်။
မက်ဒရစ်ရဲ့ ဖယောင်းပြတိုက် မြူဆီရိုဒီဆီရာက ဆက်သွယ်ရေး အကြီးအကဲဖြစ်သူ ဂွန်ဇာလိုပရီဆာက “ဒီဆန္ဒပြမှုက စိတ်မချမ်းသာစရာပဲ။ သူတို့ဒီလိုလုပ်ချင်ရင် သူ့ကိုပဲ တိုက်ရိုက်သွားလုပ်သင့်တယ်။ ဒီလိုလုပ်ဖို့က အရမ်းလွယ်ပါတယ်” လို့ ပြောပါတယ်။
နောက်ဆုံးမှာ လုံခြုံရေးတွေက ဆန္ဒပြအမျိုးသမီးကို ဖယ်ရှားနိုင်တယ်လို့လည်း သိရပါတယ်။
မက်ဒရစ်မှာ ရှိတဲ့ ဖယောင်းပြတိုက်က မဒမ်တူးဆော့ဒ် ဖယောင်းပြတိုက်နဲ့ မတူတဲ့ သီးခြားပြတိုက် တစ်ခုပါ။ ဒါပေမယ့် နယူးယော့ခ်၊ ဝါရှင်တန်ဒီစီ၊ အော်လန်ဒိုနဲ့ လန်ဒန်တို့မှာရှိတဲ့ မဒမ်တူးဆော့ဒ် ဖယောင်းပြတိုက်တွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ထရမ့်ရဲ့ ဖယောင်းရုပ်တုတွေ စတင်ထားရှိပြီလို့လည်း သိရပါတယ်။
“တူးဆော့ဒ်မှာ သမ္မတအသစ်တိုင်းကို အမှတ်တရ ကျင်းပပေးတဲ့ အလေ့အထအရ ဒီအချိန်ဟာ ဂုဏ်ပြုဖို့ အချိန်အခါပါပဲ” လို့ တူးဆော့ဒ်က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
4 years Ago