အမျိုးသမီးတဦး၏ကားကို

January 29, 2017

အမျိုးသမီးတဦး၏ကားကို တွန်းလှည်းဖြင့်တိုက်သည့် ထိုင်းတက္ကစီသမားရုပ်သံ ပျံ့နှံ့(ရုပ်သံ)

ဘန်ကောက်တက္ကစီမောင်းသမားက စိတ်ခံစားချက်အရ လုပ်ဆောင်လိုက်တဲ့ ရုပ်သံဗွီဒီယို ထိုင်းလူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့နေတယ်လို့  ထိုင်းဗီဇာဖိုရမ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတစ်ယောက်မောင်းတဲ့ကားကို ဘန်ကောက်တက္ကစီမောင်းသမားက စရီနက်ခရင်န် ဈေးဝယ်စင်တာက တွန်းလှည်းနဲ့ ဆိုးဆိုးရွားရွားတွန်းတိုက်လိုက်တာပါ။ ကားမောင်းသူအမျိုးသမီးရဲ့ သူငယ်ချင်းက ဒီလုပ်ရပ်ကို ရုပ်သံဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားပြီး ဖြန့်ချိလိုက်တာပါ။ တက္ကစီမောင်းသမားက ကားကို တွန်းလှည်းနဲ့တိုက် ပြီးတော့ ကားကို သေသေချာချာကြီးကို ချိန်ရွယ်ကန်လိုက်တာက ကားထဲကသူတွေကို ထိတ်လန့်စေပါတယ်။ အဲဒီနောက် ကားထဲက အမျိုးသမီးတွေက တက္ကစီမောင်းသမားနောက်ကို လိုက်ပြီး ကားနံပါတ်ကို မှတ်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကားက ပျက်စီးသွားပြီး ပြန်ပြင်မယ်ဆိုရင် ငွေ ဘတ် ၄၀၀၀ လောက် ကုန်ကျဖွယ်ရာရှိတယ်လို့ နာလင်ပက်သ်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ သူတို့လည်း ဘာအမှားမှမလုပ်ဘဲ အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မရှိဘဲ ကားကို ကန်နေလို့ ကားသမားကိုတောင် ဒေါသထိန်းဖို့ ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ တက္ကစီမောင်းသမားကို နောက်ပိုင်း ရဲက ဖမ်းမိသွားပါတယ်။ မေးမြန်းတဲ့အခါ ခရီးသည်မရှိလို့ စိတ်ဖိစီးပြီး လက်တလောဖြစ်နေတဲ့ ငွေကြေးပြဿနာတွေကြောင့် ဒီလိုဒေါသဖြစ်ပြီး ပြုမူမိတယ်လို့ တက္ကစီမောင်းသမားက ဆိုပါတယ်။ ဒေသခံရဲတွေက ၂ ဦး ၂ ဖက်တွေ့ဆုံပြီး လျော်ကြေးကိစ္စ ပြောဆိုဆွေးနွေးကြဖို့ ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် ကားမောင်းသူအမျိုးသမီးက ဒီကိစ္စကို မကျေနပ်ရင်တော့ တက္ကစီမောင်းသမားဟာ တရားစွဲခံရဖွယ် ရှိနေပါတယ်။
5 years Ago
Up