တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆုခရိုင်၊ နန်ကျင်းမြို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့က အမျိုးသမီးတဦး လည်ပင်းကို ဓားနဲ့ထောက်ပြီး ဓားပြတိုက်သူတဦးကို ဖမ်းမိခဲ့ပါတယ်။
အဲဒီလို ဓားနဲ့ထောက် ပြစ်မှုကျူးလွန်ချိန်မှာ အနီးမှာရှိနေတဲ့ လူငယ် ၂ ဦးက တွေ့ခဲ့ပြီး အဲဒီနေရာကို အရောက်သွားခဲ့တာပါ။
သူတို့ဟာ ပြစ်မှုကျူးလွန်သူဆီကဓားကို လုယူကာ တရားခံကို လက်ပူးလက်ကြပ် ဖမ်းဆီးခဲ့တာကို ရုပ်သံဗွီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။
အဲဒီလူ ၂ ဦးက တရားခံကို ဖမ်းဆီးပြီး ရဲလက်အပ်နှံနိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
7 years Ago