အများပြည်သူ နားဆင်ရန် မသင့်တော်သည့် အသုံးနှုန်း ထုတ်လွှင့်ပါက တိုင်ကြားနိုင်

June 14, 2015

အများပြည်သူ နားဆင်ရန် မသင့်တော်သည့် အသုံးနှုန်း ထုတ်လွှင့်ပါက တိုင်ကြားနိုင်

မြန်မာ့အသံနဲ့ ပုဂ္ဂလိက FM ရေဒီယိုထုတ်လွှင့်မူတွေမှာ အများပြည်သူနားဆင်ဖို့ မသင့်တော်တဲ့ အသုံးနှုန်းတွေ ထုတ်လွှင့်မယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို တိုင်ကြားနိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပုဂ္ဂလိကရေဒီယိုအစီစဉ်ထုတ်လွှင့်မူတွေမှာ အစီစဉ်ကြေညာသူတွေရဲ့ အသုံးနှုန်းတချို့ဟာ အများပြည်သူနားထောင်ရန်မသင့်တဲ့ အသုံးနှုန်းတွေပါဝင်လာပြီး အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်တယ်ဆိုပြီး တိုင်ကြားမူတွေရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာ့အသံအပါဝင် ပုဂ္ဂလိက ရေဒီယိုတွေမှာ အများပြည်သူနားဆင်ဖို့ မသင့်တော်တဲ့ ပြောကြားချက်တွေ၊ လူမျိုးရေး ဘာသာရေးအရခွဲခြားဆက်ဆံမူတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်၊ မသန်စွမ်းသူတွေအပေါ် နှိမ့်ချ အခွင့်ရေးယူရာရောက်တဲ့ အသုံးနှုန်းတွေ ပါဝင်လာပါက ပြန်ကြားရေးဝန်ကြီးဌာနုကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
6 years Ago
Up