အများသုံး အမျိုးသမီးအိမ်သာတွင်း မသင်္ကာဖွယ် အမျိုးသားတဦး တွေ့ခဲ့မှု စုံစမ်းရှာဖွေ

October 3, 2017

အများသုံး အမျိုးသမီးအိမ်သာတွင်း မသင်္ကာဖွယ် အမျိုးသားတဦး တွေ့ခဲ့မှု စုံစမ်းရှာဖွေ

ထိုင်းနိုင်ငံမှ အများသုံး အမျိုးသမီးအိမ်သာတခုထဲမှာ အမျိုးသမီးတွေနဲ့အတူ အမျိုးသားတဦးရဲ့ပုံကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖမ်းယူရရှိခဲ့ပြီးတဲ့နောက် အိမ်သာကို ပိတ်လိုက်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး အဲဒီအမျိုးသားကို စုံစမ်းရှာဖွေနေကြပါတယ်။ အဲဒီအမျိုးသားဟာ သူ့ရဲ့မျက်နှာကို မမှတ်မိစေဖို့ အင်္ကျီနဲ့ ဆွဲအုပ်ပစ်ခဲ့ပြီးမှ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ဆနွတ်ခ်သတင်းတပုဒ်မှာ စက်တင်ဘာ ၂ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီအများသုံးအိမ်သာဟာ ဈေးဝယ်စတိုးတခုရဲ့ ကားပါကင် မြေအောက်ထဲမှာ တည်ရှိတာဖြစ်ပြီး အနီးနား အများပြည်သူတွေ အသုံးပြုနိုင်အောင် ၂၄ နာရီ ဖွင့်လှစ်ထားရှိတာပါ။ အခင်းဖြစ်ချိန်ကတော့ စတိုးဆိုင်ပိတ်ချိန် လုံခြုံရေးဝန်ထမ်းတွေ သတိမမူမိချိန်မှာ ဖြစ်သွားခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေခဲ့တာပါ။ လက်ရှိမှာတော့ အဲဒီအမျိုးသားကို စုံစမ်းရှာဖွေသွားမှာဖြစ်ပြီး အများသုံးအိမ်သာတွေကိုတော့ အချိန်အခိုက်အတန့်တခုထိ ပိတ်ထားရမှာဖြစ်တယ်လို့ စတိုးဆိုင်ပိုင်ရှင် ချိုင်ယောင်းက ပြောပါတယ်။
4 years Ago
Up