အမ်ဘာပေ

A d v e r t i s e m e n t With Us

December 25, 2020

တိုက်စစ်မှူး အမ်ဘာပေကို စာချုပ်သစ်ချုပ်ရန် ပီအက်စ်ဂျီ မျှော်မှန်း

တိုက်စစ်မှူး အမ်ဘာပေကို စာချုပ်သစ်ချုပ်ဖို့ ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းပြီး ဆက်ထိန်းသွားနိုင်အောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေကို တရားဝင် ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။  ပီအက်စ်ဂျီအသင်းဟာ နည်းပြချုပ်တူချယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုကို ခန့်အပ်ခဲ့ပါတယ်။  ပီအက်စ်ဂျီအသင်းဘက်ကတော့ အမ်ဘာပေကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှာဖြစ်ပြီး အသင်းမှာ ဆက်ထိန်းဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။  ရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောက်ဖို့ရှိနေပြီး ပေါင် ၂၂၅ သန်းလောက် ပေးချေရနိုင်တယ်လို့ သိရပါတယ်။
1 month Ago

December 14, 2020

နေမာနှင့် အမ်ဘာပေ စာချုပ်သက်တမ်းတိုးမည်ဟု ယုံကြည်ကြောင်း ဗာရတ်တီ ပြော

နေမာနဲ့ အမ်ဘာပေတို့ ၂ ယောက်စလုံးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိမ့်မယ်လို့ ယုံကြည်မှုကြောင်း ပီအက်စ်ဂျီ ကွင်းလယ်လူ မာကိုဗာရတ်တီက ပြောပါတယ်။  ဒီစူပါစတား တိုက်စစ်ကစားသမား ၂ ယောက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ သဘောတူညီမှုမရခဲ့ပါက ပီအက်စ်ဂျီအနေနဲ့ သူတို့ကို အခုနွေရာသီမှာ ရောင်းထုတ်သွားရပါမယ်။ အဲဒီလိုမှမဟုတ်ရင် နောက်တစ်နှစ်အကြာမှာ သူတို့ ၂ ဦးစလုံးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် စာချုပ်သစ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ အားကစားဒါရိုက်တာ လီယိုနာဒိုက အတည်ပြုပြောဆိုခဲ့ပြီး ဘယ်အချိန် စာချုပ်သစ်ချုပ်ဆိုနိုင်မလဲဆိုတာနဲ့ ဒီကစားသမားနှစ်ဦးက သူတို့ရဲ့အနာဂတ်ကို ပီအက်စ်ဂျီအသင်းအတွက် မြှုပ်နှံထားခြင်းရှိမရှိပေါ်မှာ မူတည်နေတယ်လို့ ဗာရတ်တီက ပြောပါတယ်။ “နေမာနဲ့ အမ်ဘာပေတို့ကို အသင်းကနေ ထွက်မသွားဖို့ ကျနော် တွေ့တိုင်းပြောဖြစ်ပါတယ်။ တခါတလေဆို အမ်ဘာပေကို စာချုပ်သစ်မှာ လက်မှတ်ထိုးပြီးပြီလား၊ ထိုးပြီးပြီလားလို့ ခဏခဏ ပြောနေတတ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ဒီအသင်းမှာ ပျော်ရွှင်နေတာကြောင့် စာ ချုပ်သစ်ချုပ်ဆိုဖို့ဆိုတာလည်း ကြာမြင့်မယ်လို့ မထင်ပါဘူး။” ဒီကစားသမား  ၂ ဦးအတွက်   ဘောလုံးကစားဖို့ လက်ရှိအချိန်မှာ ပီအက်စ်ဂျီထက် ပိုကောင်းတဲ့အသင်း မရှိဘူးလို့လည်း ဗာရတ်တီက ပြောပါတယ်။  “နေမာနဲ့ အမ်ဘာပေတို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း တသင်းရဲ့အစိတ်အပိုင်းတွေပါ။ ပွင်းပွင့်လင်းလင်းပြောရရင် ပီအက်စ်ဂျီထက် ပိုကောင်းတဲ့အသင်း မရှိသေးပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလား ရယူပြီး အသင်းအတွက် သမိုင်းသစ် ရေးထိုးနိုင်ပါတယ်” လို့ ပြောပါတယ်။  ဗာရတ်တီကိုယ်တိုင် အရင်တုန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေဖို့အတွက် သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဟာ သူ့အနာဂတ်ကို ပဲရစ်အသင်းအတွက် မြှုပ်နှံထားကြောင်း ပြသခဲ့ပါတယ်။
1 month Ago
More News
Up