အမ်ဖမ် စူပါဆိုင်ကလုန်းမုန်တိုင်း

May 20, 2020

အမ်ဖမ် စူပါဆိုင်ကလုန်းမုန်တိုင်း ရှောင်ရန် အိန္ဒိယ ဒေသခံ ၁ သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

ဆိုင်ကလုန်း အမ်ဖန်ဟာ နောက်နာရီအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကို ဖြတ်ကျော် ဝင်ရောက်မယ်လို့ Business Standard သတင်းက ဖော်ပြပါတယ်။  အင်မတန် ပြင်းထန်တဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ လေတိုက်နှုန်း တစ်နာရီ ၁၈၅ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ အမ်ဖန်ဟာ ၁၉၉၉ သြရိဿ ဆိုင်ကလုန်းနောက်ပိုင်း အားအပြင်းဆုံးနဲ့ ပထမဆုံးသော စူပါဆိုင်ကလုန်းဖြစ်တယ်လို့ အိန္ဒိယ မိုးလေဝသဌာန အကြီးအကဲက ပြောဆိုပါတယ်။ ဒါကြောင့် သြရိဿပြည်နယ်မှာ မုန်တိုင်းရှောင်စခန်း ၁,၇၀၀ ကျော် ဖွင့်လှစ်ပြီး ဒေသခံ ၁၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားပါတယ်။ မေ ၁၉ ရက်က အိန္ဒိယအာဏာပိုင်တွေဟာ သိန်းနဲ့ချီတဲ့ ရွာသားတွေကို ကမ်းရိုးတန်းတွေကနေ ဝေးရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ သြရိဿနဲ့ အနောက်ဘန်ဂေါပြည်နယ်တွေမှာ အာဏာပိုင်တွေက မိသားစုဝင်တွေကို  မုန်တိုင်းရှောင်စခန်းတွေ ပို့ဆောင်ပေးခဲ့ပါတယ်။   ဟာရီကိန်း အဆင့် ၅ နဲ့ ညီမျှတဲ့  ဆိုင်ကလုန်း အမ်ဖန်ဟာ မေ ၂၀ ရက်နှောင်းပိုင်းမှာ ကမ်းရိုးတန်းကို ဝင်ရောက်ဖွယ်ရှိပါတယ်။
11 months Ago
Up