အမ်ကတ်တီယာ

A d v e r t i s e m e n t With Us

July 9, 2020

တိုက်စစ်မှူးအမ်ကတ်တီယာ၏ အနီကတ်ပြစ်ဒဏ်ကို အာဆင်နယ်အသင်း အယူခံဝင်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အမ်ကတ်တီယာရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အက်ဖ်အေကို အယူခံဝင်ထားတယ်လို့ သိရပါတယ်။  လူငယ်တိုက်စစ်မှူး အမ်ကတ်တီယာဟာ လက်စတာအသင်းနဲ့ ၁ ဂိုး စီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားအပြီး ၄ မိနစ်အကြာမှာ လက်စတာနောက်ခံလူ ဂျက်စ်တင်ကို ကန်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။  အဲဒီအနီကတ်ကြောင့် အနီးစပ်ဆုံး ၃ ပွဲ ပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့် အာ ဆင်နယ်အသင်းက အယူခံဝင်ထားတာပါ။  အမ်ကတ်တီယာအနေနဲ့ ဂျက်စတင်နဲ့ ဘောလုံးယှဉ်လုရင်း ရည်ရွယ်မရှိဘဲ ကန်မိခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတဦးလည်းဖြစ်တာကြောင့် သူ့ရဲ့အပြုအမှုအပေါ်မှာ နား လည်မှုရှိကြောင်း နည်းပြအာတီတာကပြောပါတယ်။  အာဆင်နယ်အသင်းဟာ ဇူလိုင် ၁၂ ရက်နေ့ စပါးနဲ့ ကစားရ မှာဖြစ်ပြီး အဲဒီနောက် လီဗာပူး၊ အက်ဖ်အေဖလားမှာလည်း မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ 
8 months Ago

June 17, 2020

အာဆင်နယ်လူစာရင်းတွင် အမ်ကတ်တီယာက အရေးပါသည့်တိုက်စစ်မှူးဟု နည်းပြ ချီးကျူး

လူငယ်တိုက်စစ်မှူး အက်ဒီ အမ်ကတ်တီယာဟာ အသင်းလူစာရင်းမှာ အရေးပါတဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ နည်းပြအာတီတာက ချီးကျူးလိုက်ပါတယ်။  အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီဝက်ကာလမှာ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်မှာ အငှားထွက်ကစားခဲ့ပါတယ်။  ဇန်နဝါရီ အပြောင်းအရွှေ့မှာ အမ်ကတ်တီယာကို အသင်းဆီ ပြန်လည်ခေါ်ယူခဲ့တာက အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို သူ့ကို  အသင်းလူစာရင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ပြုမူဆက်ဆံတယ်လို့ နည်းပြအာတီတာက ပြောပါတယ်။  အသင်းရဲ့ ကစားကွက်မှာ အသုံးဝင်တဲ့သူဖြစ်ပြီး နှစ်သက်စရာကောင်းတဲ့ ခြေစွမ်းလည်း ပြသနိုင်ခဲ့တယ်လို့ အာတီတာက ချီးကျူးပါတယ်။  အမ်ကတ်တီယာဟာ  ဇန်နဝါရီလက အသင်းဆီ ပြန်လာခဲ့ပြီးနောက်  အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၊ ပို့စ်မောက်နဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  အသင်းတိုက်စစ်မှာ အူဘာမီယန်းနဲ့ လာကာဇက်တို့လို စီနီယာ ကစားသမားတွေ ရှိနေတာကြောင့် လူငယ်တိုက်စစ်မှူး အမ်ကတ်တီယာအနေနဲ့ အရန်ကစားသမားအဖြစ်သာ ပွဲထွက်နေရပါတယ်။
9 months Ago
Up