အမ်း

April 12, 2018

မင်းဘူး-အမ်းကားလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက်၍ ၆ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ

မင်းဘူး-အမ်းကားလမ်းမှာ ဘုရားဖူးခရီးသည်တင် မှန်လုံယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျလို့ ၆ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်း စပ်စီကျေးရွာနဲ့ မြေလတ်ကျေးရွာကြားမှာ ဧပြီ  ၁၁ ရက်နေ့ ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၅၀ လောက်ရှိတဲ့ ချောက်ထဲ ထိုးကျခဲ့တာပါ။ ယာဉ်ပေါ်မှာ ဘုရားဖူး ခရီးသည် ၂၉ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာလို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီခဲ့တဲ့ ဂုတ်ကြီး စခန်းမှူး ရဲအုပ်ကျော်မျိုးက ဒီဗွီဘီကိုပြောပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာတွေကို ငဖဲမြို့နယ် မြတ်စေတနာမွန်လူမှုကူညီရေး အသင်း၊ မင်းဘူးမြို့၊ဗြဟ္မစိုရ်အသင်းကားတွေနဲ့ ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း ကျော်ဝင်းခိုင်ကို ငဖဲမြို့မ ရဲစခန်းမှာ ယာဉ်အားပေါ့ဆစွာ မောင်းနှင်ပြီး လူသေဆုံးမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/ နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။ သတင်း-မင်းထီး  
3 years Ago
Up