အမ်မရီချန်

February 18, 2019

ရမ်ဆေးသည် မိမိလေးစားရသည့် ကစားသမားဖြစ်ဟု အမ်မရီချန် ချီးကျူး

အာရွန်ရမ်ဆေးဟာ မိမိအထင်ကြီး လေးစားရတဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်ကွင်းလယ်လူ အမ်မရီချန်က ချီးကျူးလိုက်ပါတယ်။ ရမ်ဆေးဟာ လာမယ့်ရာသီမှာ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့မှာဖြစ်ပြီး အသင်းဖော်ဖြစ်လာမယ့် အမ်မရီချန်က ချီးကျူးစကား ပြောကြားခဲ့တာပါ။ ရမ်ဆေးဟာ အာဆင်နယ်အသင်းနဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ခဲ့ပြီး တပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိမှာဖြစ်ပါတယ်။ ရမ်ဆေးနဲ့ ပြိုင်ဘက်အဖြစ် ပွဲအနည်းငယ် ကစားခဲ့ဖူးပြီး သူ့ကို အမြဲတမ်း လေးစားအားကျခဲ့ရတာဖြစ်လို့ အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှု ဖြစ်တယ်လို့ အမ်မရီချန်က ပြောပါတယ်။ အမ်မရီချန်ဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
3 years Ago

May 18, 2018

အလွတ် ခေါ်ခွင့်ရမည့် ကစားသမားများထဲ တောရက်စ်၊ အမ်မရီချန်နှင့် ဝီရှိုင်းယား ပါဝင်

အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် နာမည်ကြီး ကစားသမားတွေထဲမှာ တောရက်စ်၊ အမ်မရီချန်၊ ဝီလ်ရိုင်းယား စတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခွင့်ရှိတဲ့ တခြားကစားသမားတွေထဲမှာ ဘာလိုတယ်လီ၊ ချီလီနီ၊ ဖယ်လိုင်နီ၊ ကာဘာယီ၊ ယာယာတိုရေး စတဲ့ နာမည်ကြီး ကစားသမားတွေလည်း ပါဝင်ပါတယ်။ အဲဒီကစားသမားတွေဟာ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးပေးစရာမလိုဘဲ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်ဘောလုံးလောကရဲ့ ကစားသမား အပြောင်းအရွှေ့ကာလကို မေလ ၁၇ ရက်က စတင်ဖွင့်လှစ်ထားပါတယ်။ တခြားထိပ်တန်းလိဂ်တွေဖြစ်တဲ့ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေနဲ့ လီဂူးဝမ်း တို့ကတော့ လာမယ့်ဇွန်လဆန်းမှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
4 years Ago
Up