အမ်မရီကန်

May 1, 2018

လီဗာပူးကွင်းလယ်လူ အမ်မရီကန် ဂျူဗင်တပ်နှင့် ၅ နှစ်စာချုပ်ရန် သဘောတူ

လီဗာပူး ကွင်းလယ်ကစားသမား အမ်မရီကန်ဟာ ဂျူဗင်တပ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ အီတလီသတင်းစာတွေရဲ့ အဆိုအရ အမ်မရီကန်အနေနဲ့ တနှစ်လုပ်ခအဖြစ် ပေါင် ၅ ဒသမ ၃ သန်း ရရှိမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အသက် ၂၄ နှစ်ရှိ ဂျာမနီကစားသမား အမ်မရီကန်ဟာ လက်ရှိအချိန်မှာ နောက်ကျောဒဏ်ရာကြောင့် မတ်လကတည်းက အနားယူနေရတာပါ။ ဂျူဗင်တပ်အသင်းအနေနဲ့ လီဗာပူးနဲ့ ရိုးမားတို့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ တရားဝင်ထုတ်ပြန်ကြေညာမယ်လို့လည်း ဆိုပါတယ်။ အမ်မရီကန်ကို မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။
3 years Ago
Up