အမ်တီဗွီ

January 5, 2019

ဘီယွန်စေးနဲ့ ဂျေဇီးတို့၏ အမ်တီဗွီကြောင့် ပြင်သစ် လုဗ်ပြတိုက်လာသူ စံချိန်တင်မြင့်တက်

ပြင်သစ်နိုင်ငံ  လုဗ်ပြတိုက်အတွင်း ရိုက်ကူးခဲ့တဲ့  အဆိုတော် ဘီယွန်စေးနဲ့ ဂျေဇီးတို့ရဲ့ အမ်တီဗွီဟာ ပြတိုက်လာရောက်သူ အရေအတွက်ကို စံချိန်တင် မြင့်တက်စေတယ်လို့ ပြတိုက် တာဝန်ရှိသူတွေက ဇန်န၀ါရီ ၃ ရက်နေ့မှာ ပြောကြားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း လုဗ်ပြတိုက်လာရောက်လည်ပတ်သူ သန်းပေါင်း ၁၀.၂ သန်း  ရှိခဲ့ပြီး ဒါဟာ ပြတိုက်တွေရဲ့ သမိုင်းမှာ အများဆုံး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ၂၀၁၅ ခုနှစ်က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုနဲ့ ပဲရစ်မြို့မှာ လူ ၁၃၀ သေဆုံးခဲ့ပြီးနောက် ပြတိုက်လာရောက်သူ ကျဆင်းခဲ့ပါတယ်။ အဲဒီနောက် ပဲရစ်မြို့ကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက် ပြန်လည်များလာခဲ့ပြီး ပြတိုက်လာရောက်သူတွေဟာလည်း အရင်နှစ်ကထက် ၂၅ ရခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဘီယွန်စေးနဲ့ ဂျေဇီးတို့ဟာ လုဗ်ပြတိုက်အတွင်း မိုနာလီဆာ၊ ဗီးနပ်စ်ဒီမီလိုနဲ့ တခြားနာမည်ကျော် အနုပညာလက်ရာတွေရဲ့ ရှေ့မှာ သီဆိုပြခဲ့ပြီး သူတိုရဲ့ အမ်တီဗွင်္ီကို YouTube မှာ ကြည့်သူ သန်း ၁၅၀ နီးပါး ရှိခဲ့ပါတယ်။ လုဗ်ပြတိုက် တာဝန်ရှိသူတွေက ဘီယွန်စေးနဲ့ ဂျေဇီးတို့ရဲ့ အမ်တီဗွီကြောင့် ပြတိုက်လည်ပတ်သူ အရေအတွက် စံချိန်တင်မြင့်တက်လာတဲ့အပေါ် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
4 years Ago

November 14, 2018

ကြည့်ရှုသူ ၂၃ သန်းကျော်ရှိနေသည့် Sexy ဘုရင်မ ဂျနီဖာလိုပက်ဇ် သီချင်းသစ် (ရုပ်သံ)

ဂီတလောကမှာ အဆိုရော အကပါ ပိုင်နိုင်ပြီး လက်ရှိအချိန်ထိ ပရိသတ်အားပေးမှုတွေ ရှိနေဆဲဖြစ်တဲ့ အဆိုတော် ဂျနီဖာလိုပက်ဇ်ရဲ့ သီချင်းသစ်တပုဒ် ထွက်လာပါတယ်။ ဒီသီချင်းရဲ့ အမည်ကိုတော့ စပိန်လို Te Guste လို့ ပေးထားပြီး အသက် ၂၄ နှစ်အရွယ် ပွာတိုရီကန် ရက်ပ်ဂေးအဆိုတော် Bad Bunny နဲ့ အတူတွဲဖက် သီဆိုထားတာ ဖြစ်ပါတယ်။ စပိန်လို ရာနှုန်းပြည့်နီးပါး ရေးစပ်ထားခဲ့တဲ့ ဒီသီချင်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မျှဝေခဲ့ပြီး ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ တပတ်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၃ သန်းကျော် ရှိနေတာပါ။ အသက် ၄၉ နှစ်အရွယ် ဂျနီဖာလိုပက်ဇ်ဟာ နာမည်ကျော် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သလို လက်ရှိအချိန်ထိလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ယူကျုပေါ်မှာတော့ သူက “ကြည့်ရှုအားပေးမှုတွေအတွက် ကျေးဇူး။ အားလုံးကိုချစ်တယ်။ အားလုံးနှစ်သက်ကြမယ်ဆိုရင် ဝမ်းသာမှာပါ” လို့ ရေးသားထားခဲ့တာပါ။ Sexy ကျကျ လှုပ်ရှားသီဆိုဟန် သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်သံဗွီဒီယိုကို ရိုက်ကူးပေးထားခဲ့သူကတော့ မိုက်ခ်ဟိုဖြစ်ပြီး သူဟာ နာမည်ကြီးအဆိုတော် ခရစ္စဘရောင်း၊ ကစ်ဒ်အင့်ခ်တို့နဲ့ လက်တွဲအလုပ်လုပ်ခဲ့ဖူးသူတယောက် ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကမ်းခြေမှာ ဘီကီနီဝတ် အလန်းစား သရုပ်ဆောင်မှုတွေနဲ့ ဂျေလိုကို အပြင်းစား Sexy ကျတဲ့ တေးသီချင်းစာသားတွေနဲ့အတူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up